Advertisements

ကိုလံဘို ဧပြီ ၃၀

သီရိလင်္ကာနိုင်ငံသမ္မတ ဆီရီဆီနာက ကာကွယ်ရေးဝန်ကြီးသစ်တစ်ဦးကို ခန့်အပ်ခဲ့ကြောင်း ဧပြီလ ၂၉ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာတွင် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည့် အီစတာနေ့ ပေါက်ကွဲမှုကြောင့် ယခုကဲ့သို့ ကာကွယ်ရေးဝန်ကြီးတစ်ဦး ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူသည် ယခင်က စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မှူးဟောင်းတစ်ဦးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

အီစတာနေ့တွင် ဘုရားကျောင်းအတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းသည် လုံခြုံရေးအားနည်းချက်ကြောင့် ဟု ယူဆသဖြင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဟီမာဆီရီဖာနန်ဒိုက ပေါက်ကွဲမှုဖြစ်စဉ်အပေါ်တာဝန်ယူကာ နုတ်ထွက်ခဲ့သည်။

ထို့နောက် ဧပြီလ ၂၉ရက်နေ့တွင် တပ်မှူးဟောင်း ကော့တီဂိုဒါကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် သမ္မတကိုယ်တိုင် ပြန်လည် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သီရိလင်္ကာသမ္မတ ဆီရီဆီနာသည် ရဲတပ်ဖွဲ့၏ လက်ထောက် အထွေထွေစစ်ဆေးရေးမှူး ဝစ်ခ်ရာမာရက် တီကိုလည်း ခေတ္တအထွေထွေစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ဧပြီ ၂၁ ရက်က ဖြစ်ပွား ခဲ့သော ခရစ်ယာန်ဘုရားကျောင်းများနှင့် ဇိမ်ခံဟိုတယ် များအား ပစ်မှတ်ထားသည့် ဗုံးဖောက်ခွဲမှုများကြောင့် လူဦးရေ ၂၅၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Ref: CNN

Advertisements
<

Leave a Reply