မော်လမြိုင်၊ မတ် ၁၀ ။ ။ မွန်ပြည်နယ်သထုံမြို့ရှိ ပေ ၆၅၀ အရှည်ရှိသော သုဝဏ္ဏဘူမိမြို့ဟောင်းနေရာ ကို ရာသီဥတုဒဏ် ခံနိုင်ရန် ခြံစည်းရိုးကာခြင်းနှင့် မြို့ဟောင်းတစ်ခုလုံးကို အမိုးမိုးခြင်း များ ပြုလုပ်၍ထိန်း သိမ်းမည် ဖြစ်ကြောင်း မွန်ပြည်နယ်စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဒေါက်တာမင်းနွယ်စိုးကပြောကြားသည်။

SuVanan
“ ပတ်ပတ်လည် ခြံစည်းရိုးခတ်မယ် ၊ သံဆူးကြိုးကာမယ်၊ အခုစလုပ်နေပြီဆိုတော့ နောက်လေးငါးရက် လောက်နေရင်တော့ ပြီးပါပြီ။ ခြံစည်းရိုးကာပြီးရင်တော့ အခိုင်အမာအမိုး မိုးဖို့ ဆက်လုပ် သွားမှာပါ။ ဒီမြို့ဟောင်းက တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို မော်လမြိုင်မြို့က မွန်ယဉ်ကျေးမှု ပြတိုက်မှာပဲ လောလောဆယ်ထားပါမယ်။”ဟု ၄င်းကပြောသည်။

ထို့အပြင် အမိုးအကာများဆောက်လုပ်ပြီးစီးပါက ယင်းမြို့ဟောင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများကို အမိုးပွင့်ပြခန်း (sight Museun) ပုံစံမျိုး ပြသသွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ထို့နောက် မြို့ရိုးကာသည့် စီမံချက်မှာ အစိုးရဘက်ဂျက်မှမဟုတ်ပဲ အလှူရှင်များ၏ ငွေဖြင့်သာထိန်းသိမ်း လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော်ရေး စီမံကိန်းအတွက် ဇေကမ္ဘာဦးခင်ရွှေမှ ကျပ်သိန်း ၃၀၀ လှူဒါန်းထားကြောင်း ဒေါက်တာမင်းနွယ်စိုး ကဆိုသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းတူးဖော်ထိန်းသိမ်းရေး စီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်မှ စတင်တူးဖော်ခဲ့ရာမြို့ရိုးပုံစံ နှင့် နန်းတော် ပုံပေါ်လာသည်အထိ ရေရှည်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/စီမံရေးရာ ၀န်ကြီးဌာန မှ သိရသည်။

Leave a Reply