Advertisements

ထားဝယ် မတ်

ဈေးကွက်တွင်ရောင်းချနေသည့်အလှကုန်ပစ္စည်း၁၈မျိုး မှာ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထား သည်။

ယင်းတို့မှာ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့် အပြင်ကျန်းမာရေးအတွက် ဘေးအန ္တရာယ်ဖြစ်စေနိုင် သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရကြောင်း ယင်းဝန်ကြီးဌာန၊ FDA,Myanmar ဖေ့စ်ဘုတ်ခ် စာမျက်နှာမှတစ်ဆင့် မတ်လ ၄ ရက်တွင် ဖော်ပြခဲ့သည်။

အထက်ပါဌာန တိုင်းရုံး တာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ယင်းအလှကုန်များနှင့်ပတ်သက်၍ “ မနက်ဖြန်စသိမ်းမယ်”ဟု မတ်လ ၇ ရက်တွင် ပြောသည်။

ယင်းသုံးစွဲရန်မသင့်သောအလှကုန်များဖြစ်သည့် 3CG Style Nanda Lipstick ၊ PEINFEN Tine Plum Color No-01၊ Rose Super Whitening Night Cream (15g)၊ Ocean Dite Gluta Wink WhiteCream(6g)၊AIFUBAO Crystal White Fleck-Removing(A+B+C)၊ CHANEL LipstickNo-04တို့တွင်Mercury(+)မာကျူရီပါနေသည်ကိုတွေ့ရှိရသည်ဟု သိရသည်။

HUDA BEAUTY Liquid Matte Lipstick No-03၊ CHANEL Lipstick No-2 ၊ CHANEL Lipstick No-3 နှင့် 12 Colors Lipstick Comfor Beauty No-07တို့တွင် Lead(+)ခဲသတ္တုပါနေသည်ကိုတွေ့ရှိရပြီး 12 Colors Lipstick Comfor Beauty No-11တွင် lead(+) RhodamineB(Cl45170)(+)ကိုတွေ့ရှိရသည်ဟုသိရသည်။

ထို့အပြင် Xiazhimei Matte Lipstick ၊ Camtar Beauty Lipstick No-07၊ MATTE Beauty Model Lipstick၊ AMUSE lipstick liquid (4g)၊ V Lipstick – 2088-7(3g)၊ V Lipstick – 2088-12(3g)တို့တွင် Rhodamine B (Cl 45170)(+)ပါရှိနေသည်ဟု သိရသည်။

မဒီ တင်းတိတ်ဝက်ခြံပျောက်ဆေးတွင်Triamcinoione(+) ပါနေသည်ကို တွေ့ရသည်။
တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ မာကျူရီ သည် အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံး စွဲပါကကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည်ဟု FDAက အသိပေးထားသည်။

Rhodamine B အရောင်ဆိုးဆေးသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓာတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာနှင့် ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်သည်၊ Triamcinoione သည် အရေပြား ပါးလွှာခြင်း၊ ဆဲလ်ရောင် ရမ်းခြင်း၊ အရေပြားပါးလွှာ၍ ပိုးဝင်နိုင်ခြင်း၊ အရေပြား ဖြူဖျော့လာခြင်းတို့အပြင် ရေရှည်သုံးစွဲပါက ခန္ဓာကိုယ် တစ်ခုလုံးနှင့်ဆိုင်သော ဆိုးကျိုးအနေဖြင့် မျက်စိအတွင်း တိမ်ဖြစ်ခြင်း၊ မျက်နှာဖောရောင်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုး ရောဂါ၊ ကလေးကြီးထွားမှု ဟန့်တားခြင်း၊ အရိုးပွရောဂါ နှင့်ကျောက်ကပ်ရောင်ရောဂါများ ဖြစ်ပွားနိုင်သည်ဟုFDA က ဆိုသည်။

FDAတွင် မှတ်တမ်းတင်မထား၊ သုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝမပြုလုပ်ရန် တားမြစ်ကြေညာထားသည်။

လိုက်နာခြင်းမရှိကပြည် သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူသွားမည်ဟု လက်လီလက်ကားဆိုင်များထံ သတိပေးထားသည်။

တင့်လွင်

Leave a Reply