ကျိုက်ထို၊ မတ် ။ ။မွန်ပြည်နယ်မှ အထွက်နည်းသော သီဟိုဠ်စေ့ ဈေးနှုန်းမှာ သုံးနှစ်အတွင်း ထက်ဝက်ခန့် ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း မော်လမြိုင်မြို့သီဟိုဠ်စေ့အဝယ်ဒိုင် ကိုကျော်ခိုင်မြင့်က ပြောသည်။

“လွန်ခဲ့တဲ့သုံးနှစ်က တစ်ပိဿာကို ၁၇၂၀ ကျပ်ပဲ ရှိတယ်၊ မနှစ်က၂၇၀ဝ ကျပ်၊ ဒီနှစ် တစ်ပိဿာ ၃၇၀ဝ ကျပ်ပေါ့ မွန်ပြည်နယ်က သီ်ဟိုဠ် သိပ်မထွက်ဘူး၊ မုပ္ပလင်၊ သထုံ၊ အပေါင်ကနည်းနည်း ထွက်တယ်၊ အများဆုံး ထွက်တာက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ကျိုက်ဒုံးဘက်က အထွက်များတယ်”ဟု ကိုကျော်မြတ်ခိုင်က ဆိုသည်။

သီဟိုဠ်စေ့များကို ဖေဖော်ဝါရီလတွင် စတင်ဝယ်ယူကြပြီး ငါးရက်ခန့် နေလှန်းကာ ထက်ခြမ်းခွဲ၍ အဆံထုတ်ရကြောင်း ၎င်းက ပြောဆိုသည်။

အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများမှ သီဟိုဠ်ထွက်ရှိပြီး မြန်မာသီဟိုဠ်လောက် အရသာ မကောင်းကြောင်း၊ ကိုင်းကူးမျိုးများကြောင့် နှစ်နှစ်သားအရွယ်တွင် သီးကာ အရည်သွေးနိမ့်သဖြင့် ဝယ်ဈေးမှာလည်း တစ်ပိဿာလျှင် ၂၇၀ဝ ကျပ်ခန့်သာရရှိကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် လွန်ခဲ့သော ၁၀ နှစ်မှစ၍ သီဟိုဠ်အစား ရော်ဘာများကို အစားထိုးစိုက်ပျိုး လာခဲ့သဖြင့် သီဟိုဠ်မှာ အထွက်နှုန်း အလွန်နည်းပါးလာခဲ့ပြီး သီဟိုဠ်ဈေးမှာလည်း တစ်စ တစ်စ တက်လာကြောင်း သိရသည်။

Written by – ရွှေစင်

Leave a Reply