Advertisements

သရုပ်ဆောင် အိချောပိုနဲ့ တွေ့ဆုံကာ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “သုံးရောင်ခြယ်”ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ပြည့်တန်ဆာ ဇာတ်ကောင်စရိုက်အကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

မေး။ ။ အရင်ဆုံး သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်တဲ့အကြောင်းလေးပြောပါဦး။
ဖြေ။ ။ အမှန်တော့ ဒီဇာတ်လမ်းကို ဒါရိုက်တာက ကိုခန့်စည်သူကို အရင် လာပြတာပါ။ မင်းသားနဲ့ မင်းသမီးအတွက် လုပ်ကွက်ရှိတဲ့ ဇာတ်လမ်းလေးတဲ့။ ထုတ်လုပ်သူ ရှာရမယ်တဲ့။ အိချောကလည်း ကိုယ်နဲ့ ရိုက်နေကျ ထုတ်လုပ်သူကို အကူအညီ တောင်းကြည့်တာပေါ့။ ဒီကားလေးကို သမီး အရမ်း ရိုက်ချင်တယ်၊ ဇာတ်လမ်းလေးကလည်း သားအဖနှစ်ယောက်ရဲ့ ဇာတ်ကလေးပါလို့ ပြောပြတော့ ထုတ်လုပ်သူကလည်း ရိုက်ပေးတယ်ပေါ့။ အဲ့ဒါနဲ့ ဒီဇာတ်ကားလေးကို ရိုက်ဖြစ်သွားတာပါ။

မေး။ ။ အဲဒီဇာတ်ကားမှာ ညီမလေးက ပြည့်တန်ဆာ တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ကိုယ့်အတွက်ရော အနုပညာလုပ်ကွက်ဘယ်လောက်ရလိုက်လဲ။
ဖြေ။ ။ ဒီကား မှာ အိချောက မကောင်းတာ လုပ်စားတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရတာပါ။ ဒါပေမဲ့ သူက ဘဝ မပျက်ချင်ဘဲ ပျက်သွားရတဲ့ ကောင်မလေးပေါ့။ ကိုယ့်ချစ်သူဆိုပြီး အားကိုးမိတဲ့သူက ရောင်းစားတာကို ခံလိုက်ရတာပေါ့။ အဲ့ဒီလို ကာရိုက်တာလေးပါ။ ကိုယ့်ကို လိုက်ရှာနေတဲ့ အဖေနဲ့ ပြန်တွေ့တာတောင် အဖေ မှန်းမသိဘူးပေါ့။ သားအဖ နှစ်ယောက်ရဲ့ ဒရာမာ ဇာတ်လမ်းလေးပါပဲ။ ဒီဇာတ်ကားရုံတင်ရင် အိချော ဘယ်လောက် ကြိုးစားထားတယ်၊ ဘယ်လောက်အထိ အပင်ပန်း ခံထားတယ်ဆိုတာကို ပရိသတ်တွေ သိမှာပါ။ အိချောကတော့ ဘယ်ကားရိုက်ရိုက် ကိုယ့်ကို လာပေးတဲ့ ဇာတ်လမ်းအပေါ်မှာ အကောင်းဆုံးကြိုးစား ပါတယ်။ ကိုယ်အရမ်းရိုက်ချင်တဲ့ ဇာတ်လေးဖြစ်လို့လည်း ရိုက်ခဲ့တာပါ။ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစား ထားတယ်။ ဇာတ်ကားထွက်လာရင်တော့ ပရိသတ်တွေက ဘယ်လို တုံ့ပြန်ကြမလဲဆိုတာတော့ မမှန်း တတ်ပါဘူး။

မေး။ ။ ဇာတ်လမ်းကလည်း ဟဲဗီးဒရာမာ ဇာတ်ဆိုတော့ ညီမလေးက ပိုပြိးအက်တင်လုပ်လို့ကောင်းမှာပေါ့။
ဖြေ။ ။ ဒီလိုဇာတ်မျိုးက အိချောလည်း ရိုက်နေကျဇာတ်မျိုး မဟုတ်ပါဘူး။ အရမ်းကို ရဲရဲတင်းတင်းနဲ့ ရိုက်ထားရတာပါ။ သုံးရောင်ခြယ်ဇာတ်ကား ရိုက်တုန်းက စိတ်ပူပင်မှုလေးတွေတော့ ရှိတယ်။ ဒါပေမဲ့ မင်းသမီးဇာတ် ဖြစ်နေတဲ့အတွက် ရိုက်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း အိချောကို ဝိုင်းဝန်း ပံ့ပိုးပေးထားကြပါတယ်။ ဒရာမာဇာတ်လမ်း ကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေ နှစ်သက်မယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါ။

မေး။ ။ ဆရာဖြစ်တဲ့ ကိုခန့်စည်သူနဲ့က အနုပညာအရ လုပ်ကွက်ရှိတဲ့ ဇာတ်ကားတွေဆို အရိုက်များတယ်နော်။ ရှေ့မှာလည်း ကောင်းကျိုးကိုယ်၌ တည်စေမင်းရုပ်ရှသုံးေရာင္ျခယ္ အိေခ်ာပိုင် လို ပေါ့ ။
ဖြေ။ ။ ကိုခန့်က အနုပညာပျိုး ခင်းမှာ ကတည်းက အိချောရဲ့ ဆရာတစ်ယောက်ပါ။ ဒီလောကကို စဝင်ပြီး ဗီဒီယို ဇာတ်ကားတွေ စရိုက်ကတည်းက ကိုခန့်က လက်တွဲ ခေါ်လာခဲ့တာပါ။ ကိုခန့်က ကိုယ့်ရဲ့ လက်ဦးဆရာ လိုလည်း ဖြစ်နေတဲ့အတွက် ရိုက်ကွင်းမှာ မသိတာရှိရင်လည်း သင်ပြပေးတယ်။ အက်တင်လုပ်တော့ မယ်ဆိုရင်လည်း သိပ်ပြီး ညှိစရာမလိုတော့ဘူးပေါ့နော်။ တစ်ယောက် ဘာလုပ်မယ်ဆိုတာကို တစ်ယောက်က သိနေတော့လေ။ ရိုက်ရတာ အဆင်ပြေပါတယ်။ ကိုခန့်က အိချောတို့မှ မဟုတ်ပါဘူး။ သူနဲ့ရိုက်တဲ့ သရုပ်ဆောင် အသစ်ကလေးတွေ အကုန်လုံးကို စေတနာပါပါနဲ့ သင်ပေးလေ့ ရှိပါတယ်။

Written by – ခင်ပြည့်စုံဟန်

Advertisements
<

Leave a Reply