ထားဝယ် အောက်တိုဘာ

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လမှ အောက်တိုဘာ ၁၇ရက်အထိ သုံးလခွဲကျော်ကာလအတွ
င်း စိတ်ကျန်းမာရေးလူနာ ၇၀၀ ကျော် လာရောက် ဆေးဝါးကုသမှုခံယူခဲ့ကြောင်း သိရသည်။
အတွင်းလူနာ၁၇ဦး၊ ပြင်ပလူနာ၆၉၃ဦး၊ စုစုပေါင်း၇၁၀ဦးရှိကြောင်း အဆိုပါဆေးရုံ စိတ်ကျန်းမာရေးကုသ ဆောင် လူနာမှတ်တမ်းအရ သိရသည်။

“ပြင်ပလူနာကများတယ်၊စိတ်ရောဂါဖြစ်တိုင်းဆေးရုံတက်ရတာမဟုတ်ဘူး”ဟုစိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာဆုမြတ်ရတနာက ဆိုသည်။

လူနာကိုယ်တိုင်ဖြစ်စေပတ်ဝန်းကျင်ကိုဖြစ်စေအန္တရာယ်ဖြစ်နိုင်သည့်အနေအထားနှင့် ရပ်ကွက်အတွင်း အော်ဟစ်ဆူပူ သောင်းကျန်းနေသူများကို အဓိကထား၍ ဆေးရုံတင် ကုသခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြင်ပလူနာများတွင် စိုးရိမ်စိတ်လွန်ကဲရောဂါနှင့် စိတ်ကျလူနာများလာရောက်ကုသမှုများကြောင်း၊ အတွင်းလူနာများတွင် အရက်စွဲ၊ စိတ်ကြွ၊ စိတ်ကစဉ့်ကလျားဝေဒနာရှင်များ လာရောက်ကုသကြောင်း သိရသည်။

စိတ်ရောဂါဖြစ်လျှင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက နှိမ်ချခြင်း၊ ကာယကံရှင်ကိုယ်တိုင် ရှက်ကြောက်ခြင်းတို့ကြောင့် အမှန်တကယ် ဝေဒနာခံစားနေရသူ အရေအတွက်ထက် ဆေးရုံသို့ ရောက်လာသူမှာ နည်းပါးသေးကြောင်း၊ ကုသလျှင် အတိုင်းအတာတစ်ခုအထိ ပျောက်ကင်းသည့်ရောဂါဖြစ်၍ ရှက်ကြောက်မနေဘဲ ကုသမှု သေသေချာချာ ခံယူရန် လိုကြောင်း ဒေါက်တာဆုမြတ်ရတနာက ပြောသည်။

ယင်းဆေးရုံကြီးတွင် ၂၀၁၈ ဇူလိုင်လမှ စ၍ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦး ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပြင်ပလူနာအနေဖြင့် ဇူလိုင်မှ စက်တင်ဘာအထိ သုံးလအတွင်း အမျိုးသား ၃၅၃ ဦးနှင့် အမျိုးသမီး၂၀၄ဦး ကုသပေးခဲ့ကြောင်း သိရသည်။

တင့်လွင်

Leave a Reply