Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်ပြိုင်အသတ်ခံရမှုတွင် ပြစ်ဒဏ်ကျူးလွန်သည့် လူသတ်တရားခံအား ယနေ့နံနက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောသည်။

လူသတ်တရားခံအဖြစ်ဖမ်းဆီးခံထားရသူမှာ လစာတိုးတောင်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး မန်နေဂျာအမျိုးသမီးဖြစ်သူအပါအဝင် အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အိမ်အကူအမျိုးသမီးတစ်ဦးပါ သတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

“လစာတိုးတောင်းတဲ့ကိစ္စနဲ့ စကားများရန်ဖြစ်ပြီး သတ်လိုက်တာ။ ဘေးကလူတွေကိုပါ တစ်ခါတည်းသတ်သွားတာ။ ခုရဲစခန်းကစစ်ဆေးနေပါတယ် အသေးစိတ်တော့မသိသေးဘူး” ဟု ဦးကျော်ကျော်ထွန်းကပြောသည်။

လူသတ်ပြီးနောက် ယင်းတိုက်ခန်းမှ လက်တော့၊ ဖုန်း၊ ငွေကျပ်လေးသိန်း နှင့် ကားတစ်စီးအားယူူဆောင်သွားကြောင်းသိရသည်။

လူသတ်တရားခံမှာ အသတ် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ၎င်းအား လှိုင်မြို့မရဲစခန်းတွင် လူသတ်မှုဖြင့်စစ်ဆေးနေကြောင်းသိရသည်။

ယမန်နေ့ညပိုင်းတွင် အသတ်ခံရသည့်တိုက် ၃ ခြောက်လွှာတိုက်ခန်းအတွင်း အပုပ်နံ့ရရှိသောကြောင့် ပတ်ဝန်းကျင်မှ ရဲစခန်းသို့အကြောင်းကြားခဲ့ပြီး လူသေအလောင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆုမင်းကို

Written by -ဆုမင်းကို

Leave a Reply