Advertisements

“သူဆဲကိုယ်ဆဲ သူပြောကိုယ်ပြောနဲ့ တုံ့ပြန်တာက အမုန်းတရားတွေချည်းပဲ
အဖတ်တင်ကျန်တာ။ မလုပ်ကြပါနဲ့ . . .”

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ARSA အဖွဲ့၏အကြမ်းဖက် တိုက်ခိုက်မှုများကိုရှုံ့ချပြီး လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဘာသာရေးသွေးထိုးလှုံဆော်မှုများကို အစိုးရအနေဖြင့် ကာကွယ်တားဆီးဆောင်ရွက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ သည်။ ယင်းသို့ ကြေညာချက်ထုတ်ပြန်ချင်းနှင့်ပတ်သက်ပြီး အဆိုပါ ဘာသာရေးအဖွဲ့အစည်းတွင် ပါဝင်သည် အိုလမာ-အစ္စလာမ်ပညာရှင်များအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်နှင့် ဥပဒေအကြံပေး အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းကို နယူးဖက်ဒရယ်တိုင်းမ်းဂျာနယ်မှ မေးမြန်းထားမှုကို ကောက်နှုက်ဖော်ပြလိုက်ရပါသည်

ဖက်ဒရယ်တိုင်းမ် ။ ။ အကြမ်းဖက်မှုကိုရှုံ့ချ ကြောင်းကြေညာချက်ကို ဘာကြောင့် ထုတ်ပြန်တာလဲ။

U K N ။ ။ ဒီကြေညာချက်ကို ထုတ်ပြန် ရတဲ့ ရည်ရွယ်ချက်ဆိုတာမျိုးထက်ကို အကြမ်းဖက်ဝါဒ အကြမ်းဖက်မှုဆိုတာမျိုး ကို ကျွန်တော်တို့က Define လုပ်နေဖို့ တောင်မလိုပါဘူးဗျာ။ ဘာသာသာသနာ လို့ ဆိုကတည်းက အကြမ်းဖက်ဝါဒနဲ့ ဆန့်ကျင်ပြီးသားပါ။ အစ္စလာမ်မှရယ်၊ ဗုဒ္ဓ ဘာသာမှရယ်။ ခရစ်ယာန်မှရယ် မဟုတ်ပါ ဘူး။ အလားတူပဲ အဲ့ဒီဘာသာသာသနာရဲ့ အ ဆုံးအမခံယူတဲ့ အဖွဲ့အစည်းမှန်သမျှဒါနဲ့ ဆန့်ကျင်ပြီးသားပါ။ အဒီတော့အကြမ်းဖက် ဝါဒကို ကျွန်တော်တို့ အစ္စလာမ်ဘာသာ ရေးအဖွဲ့အစည်းတွေက ရှုံချပါသည်လို့ တခုတ်တရ ထုတ်ပြန်ကြေညာနေစရာမ လိုပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ က ဒီဟာက ဖြစ်ပျက်နေတယ်။ ဒါကြီးကို ရှုံ့ချပါသည်ဆိုတာထည့်ပြီးတော့ ပွဲဦးထွက် ကြေညာနေစရာမလိုဘူး။ နောက် ထုတ်လာရပြီဆိုတဲ့ ရည်ရွယ်ချက်ကို တို တိုနဲ့ လိုရင်းရောက်အောင်ပြောရမယ် ဆိုရင် ဆင့်ပွားပြဿနာတွေက ပေါ်ပေါက် လာတယ်။ ဘာတွေတုန်းဆိုရင် နက်ဖြန် သန်ဘက်ဆိုရင်ပဲ အစ္စလာမ်ဘာသာဝင် တွေက ဂျီဟဒ်ဆိုတဲ့ တခြားဘာသာဝင် တွေကိုစစ်ပွဲဆင်နွှဲကြဆိုတဲ့ပုံစံမျိုးနဲ့ တိုက် ပွဲကြီးဆင်နွှဲကြလိမ့်မယ်ဆိုတဲ့ မဟုတ်မမှန် လှုံဆော်မှုတွေဖြစ်နေပြီ။ အဲ့ဒါကြီးပေါ့ဗျာ။ လုပ်ကြံသတင်းကြီးဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ ဒါကိုထုတ်ပြန်ရခြင်းဖြစ်ပါ တယ်။ ဒီဟာကို အထိရောက်ဆုံးဥပမာ လေးပေးချင်ပါတယ်။ ၂၀၁၂ တုန်းက ပြောဖူးပါတယ်။ ၇၈၆ ပေါင်းလိုက်ရင် ၂၁ ရာစုမှာ မြန်မာပြည်ကို အစ္စလာမ်တွေ သိမ်းပိုက်မယ်ဆိုတဲ့ ရည်မှန်းချက်ဖြစ်ပါ တယ်။ ဘယ်သူက ရွှေဉာဏ်တော်စူး ရောက်ပြီး တီထွင်ပြီးတော့ပြောလိုက်တယ် မသိဘူးဗျာ။ အဲ့ဒီအမုန်းတရားကြီးပျံ့ပွား ပြီးတော့ မွတ်စလင်တွေကိုမုန်းအောင် မုန်းသထက်မုန်းအောင် လျှောက်ပြော လိုက်တဲ့ဟာကြီးက အဲ့ဒီဟာကြီး အဟုတ် ထင်ပြီးတော့ မှိုင်းတွေတိုက်လိုက်တာကြီး ပေါ့ဗျာ။ အခုလည်းပဲ ၁၁ ရက်နေ့ မှာတော့ဖြင့် မွစ်စလင်တွေက ဂျီဟဒ် ဂျီဟဒ် ဂျီဟဒ်ဆိုတာ ဂျီဟဒ်တောင်ဘာ မှန်းမသိဘဲနဲ့ ဂျီဟဒ်လိမ့်မယ်ဆိုတာကြီး ကတော့ မဟုတ်ရပါဘူးဗျာ။ ဟဒ်ချင်း ဟဒ်ရင်သာ အဲ့ဒီဟဒ်တွေက ဒီမွစ်စလင် တွေကို ဟဒ်ပါလိမ့်မယ်။ အနည်းစုနဲ့အ များစု ဘယ်သူကအဟဒ်ခံရမှလဲ။ မဟုတ် တမ်းတရားတွေ မယုံကြပါနဲ့ဆိုတာကိုသိ အောင် ကျွန်တော်တို့က ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အေးချမ်းသာယာမှု အသက်အိုးအိမ်တွေ ထိခိုက်ရင် တိုင်းပြည်ပဲဆုံးရှုံးတာပါ။ ဒီသ ဘောသိအောင် ကြေညာတာပါ။

ဖက်ဒရယ်တိုင်းမ် ။ ။ ကြေညာချက်မှာ လူမှုကွန်ရက်ကနေ သွေးထိုးလှုံဆော်နေသူ တွေကို အစိုးရက တားဆီးကြပ်မတ်ဖို့လို အပ်တယ်ဆိုတာပါဝင်တော့ ဘယ်လိုပုံစံ မျိုး လိုအပ်ပါသလဲ။

U K N ။ ။ အင်တာနက်ဆိုတာက သူဖာသူ Cyber Law ဆိုတာကရှိတယ် ဗျာ။ ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်လို လူမျိုးတွေလှုံဆော်တယ် ဆိုတာလည်း သိသလို ခေတ်လူငယ်တွေက ဒါတွေတက် လာရင် ဒါကတော့ ဘယ်ရင်းမြစ်က တက် တယ်ဆိုတာလည်း သိလွယ်တယ်ဗျာ။ သိ လွယ်ပေမယ့်လို့ မသိနားမလည်တဲ့ အဖွဲ့ တွေကလည်း အတန်းအစားပေါ့ဗျာ။ အဲ့ လိုလည်းရှိတယ်ဗျ။ အဲ့ဒီ ၁၁ ရက်နေ့ ၁၁ ရက်နေ့ ဂျီဟဒ် ဂျီဟဒ်လို့ပြောတိုင်း အဲ့ဒါကြီးကို အလန့်တကြားနဲ့ပြောရင်တော့ ဗျာ ယုံလွယ်တယ်ပေါ့ဗျာ အဲ့လိုရှိသလို ဒီမွစ်စလင်လူထုဘက်မှာကလည်း စိတ် လိုက်မာန်ပါ တုံ့ပြန်တတ်တဲ့ ရိုင်းရိုင်းပြပြ တွေရှိတယ်ဗျာ။ တစ်ဖက်ကလည်း ပြော နေသလို မင်းတို့လည်း စိတ်လိုက်မာန်ပါ မတုံ့ပြကြနဲ့ကွာ သူဆဲကိုယ်ဆဲ သူ ပြောကိုယ်ပြောနဲ့ တုံ့ပြန်တာကြီးတာက အမုန်းတရားတွေချည်းပဲ အဖတ်တင်ကျန် တာ။ မလုပ်ကြပါနဲ့။ ဒီသဘော ကျွန် တော်တို့ကြိုတင် ကာကွယ်မှုလုပ်တဲ့ သဘောပါ။

ဖက်ဒရယ်တိုင်းမ် ။ ။ ကြေညာချက် ထဲမှာ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်း တွေအနေနဲ့ အစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေနဲ့ ဒီကိစ္စကို ဖြေရှင်းဆောင် ရွက်သွားမယ်ဆိုတာဘယ် လိုပုံစံမျိုး ပူးပေါင်း ဆောင်ရွက်သွားမှာလဲ။
U K N ။ ။ ကျွန်တော်တို့ကတော့ ပထမဆုံးပြောချင်တာက ဒီကိစ္စက ဖြစ် တယ်ဆိုတာကို အရင်ကတည်းက လက်မ ခံဘူးဆိုတာကို ထုတ်မပြောကြတာတစ်ခုပဲ။ ဖြစ်လာတယ် တိုက်ခိုက်မှုဖြစ်တာတို့ အခန့်မသင့်လို့ ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ ပုံစံတူဖြစ်လာတဲ့ဖြစ်ရပ်မျိုးကြီး အဲဒီမှာမြေဇာ ပင်ဖြစ်တာကတော့ ဟိုဘက်လူ့အဖွဲ့ အစည်း ဒီဘက် လူ့အဖွဲ့အစည်းက ဘုမသိ ဘမသိ ပြည်သူလူထု။ အဲ့လိုလူထုတွေ ဖြစ်ပြီးတော့ ခံနေကြရတယ်။ အဲ့ဒီဥစ္စာကို ပြန်လည်ထူထောင်ရေးလုပ်ပြီဆိုတဲ့ အခါ ကျတော့လည်း ဒီလူထုနေရာ ချထားရေး လုပ်ရပြန်တယ်။ အဲ့လို လူထုနေရာချထား ရေးလုပ်တဲ့အခါကျတော့ သူ့ဘက်ကိုယ့် ဘက် ဆိုတာရှိကြတော့ သူ့လူထုနေရာ တော့လုပ်ပေးတယ်။ ဒီဘက်တော့ မလုပ် ပေးဘူး။ ဒီဘက်လုပ်ပေးပြန်တော့ ဟို ဘက်တော့ မလုပ်ပေးပြန်ဘူး။ အဲ့လိုတွေ နှစ် ဖက်အပြောအဆိုတွေ ရှိတာပေါ့ဗျာ။ အဲ့ဒါတွေမဖြစ်အောင် မျှတမှုဖြစ်အောင် လုပ်ပါ။ အဲ့လိုလုပ်တဲ့အခါမှာ လိုတဲ့နေရာ ကျတဲ့ထောင့်ကနေပြီးတော့ ကျွန်တော်တို့ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပါ့မယ်။နောက် တစ်ခါ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြော ကြတယ်။ ဗလီတွေ သာသနိကအဆောက် အအုံတွေမှာဟာ ဟိုဗလီထဲမှာတော့လက် နက်တွေဟ။ ဖောက်ခွဲရေးပစ္စည်းတွေဟ။ အလွယ်တကူ လက်ညှိးထိုးတယ်ပေါ့ဗျာ။ အဲ့ဒါမျိုးကထိုးလွယ်သပေါ့ဗျာ။ လာကြည့် မရှိဘူးပေါ့ဗျာ။ တော်ကြာလန့်တာပေါ့ဗျာ။ ကုလားမကြီးခေါင်းမြီးရှုံလာရင်ပဲ ဗုံးတွေ ပိုက်လာတယ်ပေါ့ဗျာ။ ဒါမျိုးတွေကအပြော လွယ်သလောက် ဖြေရှင်းရခက်တဲ့ကိစ္စမျိုး။ ဒါမျိုးတွေမှာလည်း ကျွန်တော်တို့က မဟုတ်ကြောင်းကို ပူးပေါင်းဖြေရှင်းမယ်။ ဒါမျိုး တွေကိုဆိုလိုတာပါ။

ဖက်ဒရယ်တိုင်းမ် ။ ။ ပြည်တွင်းမှာလည်း လှုံဆော်မှုတွေရှိနေတော့ ပြည်တွင်းမှာနေ ထိုင်တဲ့ အစ္စလာမ်ဘာသာဝင် လှုံဆော် မှုမှာ မပါဝင်လာအောင် ပဋိပက္ခဖြစ်စဉ် တွေ မဖြစ်ပွားအောင် ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေကို ဘယ်လိုမျိုး သိမ်းသွင်းသွားဖို့ ရှိပါသလဲ။

U K N ။ ။ အဲ့ဒါကတော့ အင်မတန် အရေးကြီးတဲ့ကိစ္စပဲ။ ဘယ်လို အရေးကြီး လဲဆိုတော့ ကျွန်တော်တို့ ၂၀၁၂ ဆိုတဲ့ လှိုင်းလုံးကြီး မပေါ်ခင် ပြန်မှန်းကြည့်ဗျာ။ ၂၀၁၂ ဆိုတာ မဝေးသေးဘူးဗျ။ အဲ့ဒီ မတိုင်ခင်တုန်းက ဗမာပြည်မှာ ဗုဒ္ဓဘာသာ နဲ့အစ္စလာမ်ဆိုတာ ခွဲခြားမှုကိုမရှိပါဘူး။ သူသေကိုယ်ပို့ ကိုယ်သေသူပို့ဗျ။ သူ့ မင်္ဂလာဆောင်လည်း ကိုယ်သွား ကိုယ့် မင်္ဂလာဆောင်လည်းသူသွား အဲ့ဒီလိုရှိရင်း စွဲနဲ့နေခဲ့တဲ့တိုင်းပြည်ပါ။ သူယုံကြည်ရာ ကိုးကွယ် ကိုယ်ယုံကြည်တာ ကိုးကွယ် နေပြီးတော့ အင်မတန် Image ကောင်း တဲ့တိုင်းပြည်ဗျ။ ဗမာပြည်လောက် ယဉ် ကျေးဖွယ်ရာတဲ့တိုင်းပြည်ကမ္ဘာမှာ မရှိ ဘူးဗျ။ အမုန်းတရားတွေ ဟောပြောမှု ဘယ်သူလုပ်တယ်ဆိုတာလည်းပဲ ဗမာ ပြည်သူပြည်သားရော ကမ္ဘာရောသိတယ် ဗျ။ အဲ့ဒီဖြစ်အောင် ဘယ်သူလုပ်တယ်ဆို တာလည်းပဲ ဗမာရော၊ ကုလားရော၊ တရုတ်ရော အကုန်သိတယ်ဗျ။ ၂၀၁၁ က ပျက်ပြားတဲ့ကိစ္စကြောင့်ပါဗျာ။ ကျန်တာ က ဘာမှမရှိဘူးဗျ။ ဒီနေ့ နက်ဖြန်ပဲ ဂျီဟဒ်ဟဲ့ ဂျီဟဒ်ဟဲ့ ဖြစ်မယ်ဆိုတာကို ကျုပ်တို့ မွစ်လင်လောကက နည်းနည်းမှ စိတ်ထဲလည်းမရှိဘူး။ လုပ်လည်းမလုပ်ဘူး ဗျ။ ဘယ်သူတွေ လုပ်မလဲဆိုတာကို ကျုပ် တို့လည်းမသိဘူးဗျ။ စိုးရိမ်စိတ်ရှိတော့ တို့ တော့ဘယ်လိုခံရဦးမလဲဆိုတာပဲကြောက် တယ်ဗျ။ ကျုပ်တို့ ဘယ်လိုလုပ်မလဲဆိုတာ တော့ မရှိဘူးဗျ။ အဲ့ဒါကြောင့် ဒီအပေါ်မှာ ဆက်ဆံရေးသည် Community နှစ်ခု ရှိတဲ့အနက် မွစ်စလင် Community က တော့ စိုးရိမ်စိတ် ကြောက်စိတ်ကလွဲပြီး တော့ မေတ္တာပျက်စိတ်တော့မရှိပါဘူးဗျာ။

ဖက်ဒရယ်တိုင်းမ်း ။ ။ အကြမ်းဖက် ဖြစ်စဉ်တွေ၊ သွေးထိုးလှုံဆော်မှုတွေ၊ မြို့ ကြီးတွေမှာ ဖောက်ခွဲမှုလုပ်ဖို့ စီစဉ်နေ တယ်လို့ အစိုးရကထုတ်ပြန်ထားတော့ ဒီ ဖြစ်စဉ်အားလုံးအပေါ် ခြုံငုံပြီးတော့ ဘာ များမှတ်ချက် စကားပြောချင်ပါလဲ။
U K N ။ ။ အဲ့ဒါကတော့ နိုင်ငံတော်ရဲ့ သတင်းကြေညာချက်ကိုတော့ ကျွန်တော် တို့ အလေးထားရမှာပေါ့။ သို့သော် အံ့သြ တယ်ခင်ဗျ။ သတင်းနဲ့ဆိုင်ရာအကြီးအကဲ အချို့နဲ့ ကျွန်တော်တွေ့တယ်ဗျ။ တွေ့တော့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုအပေါ်မှာ အစ်ကိုတန် အစ်ကို ညီတန်ညီပေါ့ဗျာ။ ခင်ဗျားတို့ဗျာ ဟုတ်ရဲ့လား အဲ့ဒီပြည်ပအကြမ်းဖက်ကောင် တွေ ပုဂ္ဂိုလ်တွေက ကျုပ်တို့နဲ့အသွင်သဏ္ဍာန် လည်းမတူ ဒီအထဲကို ထိုးဖောက်ဝင် ရောက်နိုင်ပါ့မလား။ ပြည်ပအကြမ်းဖက် Terrorist ဆိုတဲ့ ပုဂ္ဂိုလ်တွေရောက်နေ တယ်လို့ပြောတယ်ဗျ။ ကောင်းပြီ အဲ့လို ရောက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းဆိုတာက ဘာသာရေးအဖွဲ့အစည်းတွေပေါ့ဗျာ အဖွဲ့ အစည်းအသီးသီးရှိတယ်။ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းသက်သက်တွေပါ ဗလီတွေ ဂေါပကတွေ သာသနိကဆိုင်ရာ အဖွဲ့အစည်းအဲ့လူတွေနဲ့ လုံးဝမပက်သက် နဲ့ ပက်သက်တာ သတင်းတွေရှိတယ် မသ င်္ကာဖွယ်ရာတွေရှိရင် အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြား အစ္စလာမ်ဘာ သာရေးအဖွဲ့အစည်းတွေကို အကြောင်း ကြား ချက်ချင်း အလျင်အမြန်ဆုံး အချိန် နဲ့တစ်ပြေးညီအကြောင်းကြား ကျွန်တော်တို့ က ထိရောက်စွာတားဆီးကာကွယ်ရမယ်။ နိုင်ငံတော်ဆိုတာက မြင့်လွန်းပါတယ်ဗျာ။ တိုင်းပြည်အတွင်း ရပ်ကွက်အတွင်း အေး ချမ်းသာယာရေး အနှောင့်အယှက်ဖြစ်တဲ့ ကိစ္စမှန်သမျှ ကျွန်တော်တို့ မလိုလားဘူး အဲ့လိုမျိုး နေ့စဉ်နဲ့မပြတ် အချိန်နဲ့အမျှ ကာကွယ်အရေးယူမယ့်ကိစ္စပါဗျာ။

ဖက်ဒရယ်တိုင်းမ် ။ ။ အခုလို ဖြေကြား ပေးတာ ကျေးဇူးတင်ပါတယ်။

Advertisements
<

Leave a Reply