မော်လမြိုင်မြို့တွင် MARK II မော်တော်ယာဉ်ဖြင့်သူဌေးဟန်ဆောင်ကာဆိုင်ကယ် ခိုးယူနေသည် ဟု သတင်းရသဖြင့်စုံစမ်းမှုပြုလုပ်ခဲ့ရာမှဆိ်ုင်ကယ်ဝယ်ရောင်းအယောင်ဆောင်သူဦးကျော်ဦး (၂၅နှစ်) ကိုဖမ်းဆီးရမိခဲ့ကြောင်းမုပွန်နယ်မြေရဲစခန်းရှိဒုရဲအုပ်ကံရွှင်ကဟင်္သာမီဒီယာသို့ပြောသည်။

logo-copy

အဆိုပါ ဆိုင်ကယ် ဝယ်ရောင်းသူဌေးအယောင်ဆောင် သူကိုမကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့၊ရွှေကြာအင်း (၁) ရပ်ကွက်၌ဖမ်းဆီးရမိခဲ့ကာ၎င်းခိုးယူထားသောမော်တော်ဆိုင်ကယ်ကိုးစီးတွေ့ ရှိခဲ့ကြောင်းမုပွန်နယ်မြေရဲစခန်းရှိဒုရဲအုပ်ကံရွှင်က ပြောသည်။

ကျော်ဦးမှာမော်လမြိုင်မြို့၊မြိုင်သာယာရပ်ကွက်၊ (၁၇) လမ်းတွင်နေထိုင်သူဖြစ်ပြီး ၎င်းကိုဇူလိုင် ၂၀ ရက်ကမော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲတပ်ဖွဲ့နှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့မရဲတပ်ဖွဲ့တို့ကပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မော်လမြိုင်မြို့နှင့် မုဒုံမြို့များမှလိုက်လံခိုးယူထားသောမော်တော်ဆိုင်ကယ်များကိုတောင်တွင်းကြီးမြို့တွင်ရောင်းချနေခြင်းဖြစ်ပြီးယင်းဆိုင်ကယ် ကိုးစီးကိုတောင်တွင်းကြီးမြို့မှ ရှာဖွေသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့သောမော်တော်ဆိုင်ကယ်များတွင် Dream 125 ငမြွေထိုးဆိုင်ကယ်ငါးစီး၊ Honda Wave 100 ပုံပြောင်းတစ်စီး၊ Honda Wave အယ်လ်ဖာဆိုင်ကယ် သုံးစီးတို့ကိုစုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မော်တော်ဆိုင်ကယ် ပိုင်ရှင်များအားစုံစမ်း၍ မော်တော်ဆိုင်ကယ် လိုက်လံခိုးယူသူကျော်ဦးကိုထိရောက်စွာ အရေးယူမယ်”ဟု ၎င်းက ပြောဆိုသည်။
ဆိုင်ကယ်ခိုးယူခဲ့သည့် ကျော်ဦးကိုမုပွန်နယ်မြေရဲစခန်းတွင် (ပ) ၁၂၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) အမှုဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Leave a Reply