သားအဖြစ်မှ စွန့်လွှတ်ထားသူနှင့် မိသားစုတို့က ဦးကျင်သိန်းပိုင်ဆိုင်သည့် ရတနာပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ချုပ်ကိုင်သိမ်းပိုက်လိုက်သည်ဟု ရေးသားထားသော ဗီနိုင်း တစ်ချပ် ကိုကိုင်ဆောင်၍ မော်လမြိုင် မြို့ လူသွား လာများ သော ဒေါင်းဇရပ်ရပ်ကွက် နေအိမ် ရှေ့တွင် အနည်းငယ်ညစ်ပေနေသော ကော်ခွက်တစ်လုံးချကာ တင်ပလင်ခွေ ကာ ဦးကျင်သိန်းတယောက် ထိုင်နေသည် ။

kyithaein2

ယင်းခွက် အတွင်း လမ်းသွားလမ်းလာများ က ငွေစက္ကူများ ထည့်ဝင်သွား ကြသည် ။ဦးကျင်သိန်း ၏ ကိုယ် ဘေးလွယ် အိတ် တလုံးလည်း လွယ် ထားသည်။
ဦးကျင်သိန်း သူဖုန်းစားကဲ့ သို့ သရုပ်ပြငွေတောင်းခံ နေချိန် အိမ်ထောင်စာရင်းမိတ္တူတို့ကို ကိုင်ဆောင်ထား သည်။

သားဖြစ်သူက ဦးကျင်သိန်းက ၎င်းပိုင်ဆိုင်သော ရွှေထည်ပစ္စည်းများကို ပြန်မပေးသဖြင့် ဝမ်းရေအခက်ခဲကြုံရ သည်ဟုဆိုကာ ယင်းသို့ သရုပ်ပြ ငွေတောင်းခံခြင်း ဖြစ်ကြောင်း ဦးကျင်သိန်းက ဆိုသည်။

အမှန်စင်စစ် သူကား ဆန်စက် ၊ရွှေဆိုင်များ ပိုင်ဆိုင်သော သူဌေးတစ်ဦး ဖြစ်ကြောင်း ဦးကျင်သိန်းက ဆိုသည်။

မော်လမြိုင်မြို့၊ ဈေးကြိုဆန်တန်းရပ်မှ သူဌေးကြီး ဦးကျင်သိန်းက ၎င်းပိုင်ဆိုင်သော ရွှေထည်ပစ္စည်းများကို သားဖြစ်သ ပြန်မပေးသဖြင့် ဝမ်းရေအခက်ခဲကြုံရသည်ဟုဆိုကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်က ကျိုက္မမီ-မော်လမြိုင် အဝေးပြေး ကားလမ်းဘေးတွင် တောင်းစားမှု ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“လုပ်ကိုင် စားသောက်ဖို့ဆိုတာ ငွေအင်အားလဲမရှိ၊ စားဝတ်နေရေးအတွက်၊ ကျန်းမားရေးအတွက်၊ အဖတ်ဖတ် က ချို့တဲ့နေတဲ့အတွက် ခုလို မိတ်ဆွေဆီက အကူအညီတောင်းခံရခြင်း”ဟု ဦးကျင်သိန်းက ပြောသည်။

၎င်းသည် ယခင်က သူရွှေဆိုင်ပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်ခဲ့ဖူးသည့်အပြင် မော်လမြိုင်မြို့ရှိ အရက်ချက်စက်ရုံ၌ ကိုးနှစ်၊ ဘီးလင်းသကြားစက်ရုံ၌ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်း၏ ရွှေထည်ပစ္စည်းများကို ၂၀၁၄ ခုနှစ်က သားဖြစ်သူကို အပ်ထားရမှ ၂၀၁၅ ခုနှစ်တွင် ယင်းပစ္စည်းများ ပြန်မပေးဟုဆိုကာ မော်လမြိုင်တရားရုံးတွင် ဦးကျင်သိန်းသည် ဦးတိုက်တိုင်ကြားခဲ့ပြီး တရားရုံးက ထိုအမှုကို ပလပ်လိုက်ကြောင်း သူကပြောသည်။

ဦးကျင်သိန်းသည် လမ်းဘေးတွင် တောင်းစားနေမှုပြုလုပ်နေစဉ် သားဖြစ်သူဟုဆိုသော အမျိုးသားတစ်ဦး ရောက်ရှိလာကာ ထိုကိစ္စသည် မိသားစု အတွင်းရေးသာဖြစ်ကြောင်း ပြောဆိုသဖြင့် သတင်းမီဒီယာများက ထိုဖြစ်စဉ်ကို မေးမြန်းခဲ့ရာ မိသားစုအတွင်းရေးဖြစ်ခြင်းကြောင့် သတင်းမီဒီယာများကို ပြောဆို၍မရကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ဦးကျင်သိန်း တောင်းရမ်းခဲ့မှုနှင့် ပတ်သက်၍ ၎င်း၏ဇနီးတော်စပ်သူ ဒေါ်ခင်ထားရီကို ဟင်္သာမီဒီယာက မေးမြန်းမှုပြုလုပ်ရာတွင် ၎င်းတို့ဘက်မှ သတင်းစာရှင်းပွဲကို ပြုလုပ်ပေးသွားမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့၏ အတွင်းရေးကိစ္စကိုတော့ အသေးစိတ် ပြောပြခဲ့ခြင်းမရှိသေးပေ။

သို့သော် ဦးကျင်သိန်းကိုမိသား စုကထောက်ပံ့မှု ပြုလုပ်ထားကြောင်း ဦးကျင်သိန်း ၏ သားဖြစ်သူတစ်ဦး ကပြောသည်။

ဦးကျင်သိန်းသည် တောင်းစားရသည် အထိ ဆင်းရဲမနေပဲ လက်ရှိ ချိန်တွင် ဆန်စက်များ ပိုင်ဆိုင် နေသေးကြောင်း ၎င်း၏ သားဖြစ်သူ ကပြောဆိုသည်။
မည်သို့ ပင်ဆိုစေ ဦးကျင်သိန်း ၏ မိသား စု အရေးက ဈေးကြိုဆန်တန်းလမ်း လူသွားလူလာများ သည့် လမ်းမထက် သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည် ။

သားအဖြစ်မှ စွန့်လွှတ်ထားသူနှင့် မိသားစုတို့က ဦးကျင်သိန်း ပိ်ုင်ဆိုင်သည့် ရတနာပစ္စည်းများနှင့် ပိုင်မှုများကို ချုပ်ကိုင်သိမ်းပိုက်လိုက်သည်ဟု ရေးသားထားသော ဗီနိုင်း တစ်ချပ် ၊ အိမ်ထောင်စာရင်းမိတ္တူ နှင့် ခပ်နွမ်းနွမ်း ကော်ခွက် တစ်လုံးကိုကိုင်ဆောင်ကာ ဦးကျင်းသိန်းတစ်ယောက် လမ်းမထက် တင်ပလင်ခွေ ထိုင်လေပြီ ။

သူကား တောင်းစားရမည့် ဘဝ ရောက်နေပြီ ဖြစ်ကြောင်း နှုတ် မှရေရွတ် နေလေပြီ ။

“ဒီပစ္စည်းတွေလည်း မလိုချင်တော့ပါဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ မတော်မတရားမှု၊ အစုအဖွဲ့ တစ်ခုရဲ့ မတော် မတ ရားမှု၊ မိသားစု တစ်စုရဲ့ မတော်မတရားမှုတွေ ပြည်သူတွေ သိရှိစေဖို့၊ ငွေများတရားနိုင်မှု၊ အဂတိ လိုက်စားမှု ရှိနေသမျှတော့ ကျွန်တော်ဘဝကြီးဟာ ဒီလိုပဲ ရေတိမ်နစ်နေမှာ”ဟု ဦးကျင်သိန်းက ဆိုလေသည်။

Leave a Reply