(ဓါတ်ပုံ အညွှန်း – လိပ်ကျွန်အမှုတွင် သေမိန့်ချခံရသည့် မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ပြနေကြသူများ)

ကျိုက်ထို၊ ဇန်နဝါရီ ၂

ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုနှင့် ပက်သက်၍ ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်သော မြန်မာလုပ်သား ကို၀င်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ကျိုက်ထိုမြို့တွင် ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီက သံဃာတော်များနှင့် မြို့ခံပြည်သူ ၁၅၀ ဦးခန့်သည် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြမှုနှင့် ဆုတောင်းမှုများပြုလုပ်ခဲ့ကြကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိုးသီဟက ဟင်္သာမီဒီယာသို့ ပြောသည်။

(ဓါတ်ပုံ အညွှန်း – လိပ်ကျွန်အမှုတွင် သေမိန့်ချခံရသည့် မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ပြနေကြသူများ)
(ဓါတ်ပုံ အညွှန်း – လိပ်ကျွန်အမှုတွင် သေမိန့်ချခံရသည့် မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ပြနေကြသူများ)

ဆန္ဒပြဒေသခံများက ကျိုက်ထိုဂေါက်ကွင်းမှ တောင်သူစုလမ်းအတိုင်း ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားထိ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်ပြီး၊ ဆုတောင်းပွဲကို ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားရှိ သံသရာအေး မဟာဗောဓိစေတီတော်မြတ်တွင် ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒီလိုသေဒဏ်အမိန့် ကျခံရတာကြားကတည်းက ကိုယ့်နိုင်ငံသားတစ်ယောက် မတရားချမှတ်ခံရတာဆိုတော့ စိတ်ထဲမှာအရမ်းစို့ပြီး မျက်ရည်ဝဲလောက်အောင်ဖြစ်တယ်၊ ဖြစ်လာတော့ အဲနေ့ကတည်းက လုပ်ချင်တာနဲ့ ဒီကဆရာတော် သံဃာတော်တွေနဲ့ပူပေါင်းပြီး ခွင့်ပြုချက်တွေရယူပြီး ၂၈ ရက်နေ့လောက်ကတည်းက ခွင့်ပြုမိန့်တင်တာ”ဟု ၎င်းက ပြောဆိုသည်။

ထိုင်းဥပဒေအရ မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံဝင်ခွင့်ရှိပြီး တကမ္ဘာလုံးတွင်လည်း ယင်းစနစ်ကိုသာ ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထိုင်းအစိုးရခေါင်းဆောင် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးပရာရွတ် ချန်အိုချာက မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုနှင့်ပက်သက်ပြီး ဆန္ဒပြသူများကို တုံ့ပြန် ပြောကြားထားသည်။

ထိုင်းနိုင်ငံ တရားရုံးမှ မြန်မာလုပ်သားနှစ်ဦးကို အမိန့်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply