(ဓါတ်ပုံ အညွှန်း – ဒီဇင်ဘာ ပထမ အပတ်Yangon Street Art Festival မှပုံများ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ သေမင်းတမန် မီးရထားလမ်းပြတိုက် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် Street Art (လမ်းမထက်မှ အနုပညာ) ပြပွဲကို လူငယ်များလေ့လာနိုင်ရန် အဆောက်အဦ ဖွင့်ပွဲမတိုင်မီ ပြသမည် ဖြစ်သည်။

သေမင်းတမန် မီးရထားလမ်းပြတိုက် ဖွင့်ပွဲမတိုင်မီ Street Art အနုပညာကို Jamit အဖွဲ့နှင့် ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ပြီး၊ လူငယ်များစိတ်လွတ်လပ်မှု၊ ပွင့်ပွင့်လင်းလင်းရှိမှုနှင့် စိတ်ခံစားမှုအတိုင်း ရေးဆွဲနိုင်ရန် ဟင်္သာမီဒီယာမှ ပံ့ပိုးပေးခြင်းလည်း ဖြစ်သည်။

(ဓါတ်ပုံ အညွှန်း – ဒီဇင်ဘာ ပထမ အပတ်Yangon Street Art Festival မှပုံများ)
(ဓါတ်ပုံ အညွှန်း – ဒီဇင်ဘာ ပထမ အပတ်Yangon Street Art Festival မှပုံများ)

“စစ်ပွဲတွေ ထပ်မဖြစ်ဖို့၊ လူအချင်းချင်း နှိပ်စက်တာတွေ၊ သတ်ဖြတ််တာတွေ၊ ညှင်းဆဲတာတွေ ထပ်မဖြစ်ဖို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်သက်ရောက်စေတဲ့ graffiti တွေ ပုံဖော်သွားမယ်”ဟု ဟင်္သာမီဒီယာ အကြံပေး ဦးကျော်စံဝင်းက ပြောသည်။

“Graffiti အကြောင်းကို artist တွေနဲ့တွေ့ပြီး မေးလို့ရတယ်၊ အမှန်တကယ် စ်ိတ်ဝင်စားတဲ့ လူငယ်တွေ လာရောက် လေ့လာနိုင်တယ်” ဟု Jamit အဖွဲ့ EaidDhi ထံမှသိရသည်။

Graffiti ရေးဆွဲရာတွင် အလျား ၁၂ ပေ၊ အမြင့် ခြောက်ပေဖြင့် နံရံများတွင် ရေးဆွဲသွားမည်ဖြစ်ပြီး R.O.A.R, monsta, satan, MGK.တို့လည်း ပါဝင်ရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Jamit အဖွဲ့သည် ဒီဇင်ဘာလ ပထမအပတ်တွင် ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ပူးပေါင်း၍ Yangon Street Art Festival ပွဲတွင် ပါဝင်ရေးဆွဲခဲ့ပြီး၊ ယခုလက်ရှိတွင် Underground Show နှင့် Street Art ပွဲများကို ရန်ကုန်နှင့် မန္တလေးတို့တွင် ရေးဆွဲလျက်ရှိကြောင်း EaidDhi ထံမှ သိရသည်။

Leave a Reply