Advertisements

ချောင်းဆုံ ဧပြီ

အပူချိန် မြင့်တက်နေချိန် ချောင်းဆုံမြို့နယ်အတွင်း ရေရှားပါး ပြတ်လပ်ရာ ကျေးရွာများသို့ ဒေသပြင်ပမှ လာရောက်ကာ သောက်သုံးရေ လှူဒါန်းဖြန့်ဝေပေးသူများ ဧပြီ တတိယနှင့် စတုတ္ထပတ်များတွင် နေ့စဉ်လိုလို အရေအတွက် များပြားခဲ့ကြောင်း တွေ့ရှိရသည်။

ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မတ် ၊ ဧပြီလများအတွင်း အပူချိန်မြင့်တက်မှုကြောင့် ရေတွင်း၊ ရေကန် များခန်းခြောက်လာပြီး သောက်သုံးရေများရှားပါးနေခြင်း ဖြစ်သည်။
အဆိုပါကျေးရွာများတွင် သုံးစွဲမှုအဆင်ပြေစေ ရန် အစိုးရဌာနဆိုင်ရာများ ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ၊ မော်လမြိုင်မြို့နှင့်ဒေသခံပရဟိတစေ တနာရှင်များကသောက်သုံးရေများလာရောက်လှူဒါန်းပေးနေကြောင်းဒေသခံများကဆိုသည်။

Advertisements
data-language="en"

“ဒီတလောမှာရေရှားပါးလာတဲ့အတွက် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးနဲ့အဖွဲ့ လည်းသောက်သုံးရေလာရောက်လှူဒါန်းတာရှိတယ် ၊ ဒေသကဌာနဆိုင်ရာအဖွဲ့ ၊ ဒေသခံပရဟိတအလှူရှင် တွေ ၊ မော်လမြိုင်မြို့ကအလှူရှင်တွေလည်းလာရောက်လှူဒါန်းနေတာတွေရှိတယ်”ဟု ကညှော်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးတင်အောင်မိုးကပြောသည်။

ဒေသတွင်နွေရာသီရောက်တိုင်း ကညှော် ၊ ကော့မုပွန်၊ ဒေါင်းရပ်အရှေ့ ၊ ဒေါင်းရပ်အနောက် ၊ တော်ကနာ ၊ ကွမ်ရိုက် ၊ ကဒါ ၊ တော်ပွန် ၊ ဇီးကုန်း ၊ ရေတွင်းကုန်း ၊ ခရိုက်ဒူး ၊ ခရိုက်နှီးဟု ၊ တော်ပကောက် နှင့် ဟင်္သာကျွန်း ကျေးရွာတို့တွင်နှစ်စဉ်ရေရှားပါးလေ့ရှိကြောင်း ၊ ယင်းကျေးရွာများတွင် ရေတွင်း ၊ ရေကန်များ ၊တုန်ကင်တွင်း၊ အဝီစိတွင်းများရှိသော်လည်းရေခမ်းခြောက်လေ့ရှိပြီး သောက်သုံးရေအခက်အခဲဖြစ်တတ်ကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

“အခုအပတ်တွေမှာ တော်ကနာ ၊ ကွမ်ရိုက် ၊ ကဒါ ၊ တော်ပွန် ၊ ကညှော် ကျေးရွာတွေမှာအဖွဲ့တွေနဲ့ကိုယ်တိုင်ပါ ဝင်ပြီး သောက်သုံးရေသွားရောက်လှူဒါန်းဖြစ်ခဲ့တယ် ၊ ဆယ်ဗလာ ၊ ခရိုက်ဒူး ၊ ရေတွင်းကုန်းတို့ဖက်ကိုလည်းအ လှူရှင်တွေနဲ့ချိတ်ဆက်ပြီး ဆက်သွယ်လှူဒါန်းပေးခဲ့ပါတယ် ၊ တခြားမြို့နယ်ကရေရှားပါးလို့ဆက်သွယ်လာ တဲ့နေရာတွေကိုလည်းသွားရောက်လှူဒါန်းတာတွေရှိပါတယ် ။ ဧပြီလ၂၅ ရက်နေ့ကသံဖြူဇရပ်ဖက်ကိုသွားရောက် လှူဒါန်းဖြစ်ခဲ့တယ်”ဟု ဌဒေါက်တာအောင်နိုင်ဦးကပြောသည်။

ချောင်းဆုံမဲဆန္ဒနယ် – ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြကလည်း ယခုရက်များအတွင်း ဇီးကုန်းကျေးရွာတွင်ဌာနဆိုင်ရာများ ၊ ဒေသခံအလှူရှင်များနှင့်ချိတ်ဆက်ပြီးသောက်သုံး ရေသွားရောက်လှူဒါန်းခဲ့ကြောင်းနှင့်ကျန်ရွာများကိုလည်း သွားရောက်လှူဒါန်းရန် အစီအစဉ်ရှိကြောင်း ပြောသည်။

“တစ်ပတ် ၊ ဆယ်ရက်ထဲမှာမိုးမရွာသေးရင်တော့ ရေတွင်း ၊ ရေကန်တွေခန်းခြောက်ပြီး သောက်သုံးရေ အခက်အခဲတွေရှိလာနိုင်တယ် ။ သောက်သုံးရေလာရောက်လှူဒါန်းပေးနေတဲ့အလှူရှင်တွေရှိလို့လည်း အခက် အခဲတချို့ကိုဖြေလျှော့ပေးနိုင်တယ်”ဟု ဒေါင်းရပ်အရှေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးကပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply