Advertisements

ပုတီးကုန်း၊ အောက်တိုဘာ ၁၉ ရက်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် သဲကုန်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို မကျေနပ်သဖြင့် အောက်တိုဘာ ၁၉ ရက်တွင် ပုတီးကုန်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ပုတီးကုန်းမြို့မှ ဒေသခံ(၁၀၀)ခန့်က မြို့နယ်စည်ပင်အားရှုံ့ချကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ပုတီး ကုန်းမြို့၊ ဘူတာလမ်းဆုံ၊ ဘုရားကြီး၊ ပြည်တော်သာရပ်ကွက်နှင့် ပုတီးကုန်းဈေးနီး လှည့်လည်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စည်ပင်ဌာနက ဌာနဆိုင်ရာအကြီးအကဲတွေက ကျွန်တော်တို့မြို့ဖွံ့ဖြိုးတိုးတက်ရေး လမ်းစီမံကိန်းတွေမှာ မသ မာမှုတွေရှိနေတဲ့အပေါ်မှာ တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားတဲ့အပေါ်မှာ အရေးယူဆောင်ရွက်မှုအားနည်းတာတွေ နဲ့ လုပ်ငန်းဆောင်ရွက်အကောင်အထည်မှုတွေမှာ နည်းလမ်းမကျတာအတွက် အခုလိုဆန္ဒဖော်ထုတ်တာပါ။”ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ဦးကျော်စိုးမိုးက ပြောသည်။

မြို့နယ်စည်ပင်က ပုတီးကုန်းမြို့အတွင်း လမ်းခင်းမှုများနှင့်ပတ်သက်၍ ပြီးစီးအောင်မဆောင်ရွက်ခြင်း၊ ပျက် ဆီးနေသည့် လမ်းများအား ပြုပြင်မပေးခြင်းတို့မှာလည်း ဆန္ဒထုတ်ဖော်ရသည့်အကြောင်းအရင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

“ဘတ်ဂျတ်တစ်ခုဆွဲရင်တော့ ကျွန်တော်တို့တစ်ဦးတည်းလုပ်လို့မရပါဘူး။ စည်ပင်သာယာကော်မတီရော၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဆွေးနွေးညှိနှိုင်းပြီးတော့ ရွေးမယ်၊ ဘတ်ဂျက် အရ ရွေးတဲ့ လုပ်ငန်းတွေကို တိုင်းရုံးအထိတင်ပြပြီးတော့ ရေးဆွဲဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ သဘောနဲ့ လုပ်လို့မရပါဘူး။”ဟု သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်နိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူကိုလိမ်လည်သူများအား ရှုံ့ချကြ၊ အပြစ်ပြုသူနှင့် အရေးယူရန်ပျက်ကွက်သူ ထပ်တူအပြစ်ရှိပါသည်။ ဒီမိုကရေစီနည်းကျဆုံးဖြတ်မှု ဖျက်ဆီးသူမှန်သမျှ ဆန့်ကျင်ကြအစရှိသည့်စာသားပါ ပိုစတာဆိုင်းဘုတ်များကိုင်ဆောင်ကာ မသမာမှုပြုသူများ ဖော်ထုတ်အရေးယူပေးရေး၊ ဘက်လိုက်ဆောင်ရွက် မှုမှန်သမျှ ရှုံ့ချကြ၊ မြို့နယ်စည်ပင်သာယာရေး မှန်မှန်ကန်ကန်ဆောင်ရွက်ပေး၊ မှန်မှန်ကန်ကန်ဖော်ထုတ်ပေး ပြည်သူ့ဘဏ္ဍာလိမ်စားသူများ အလိုမရှိစသည်တို့ကို ကြွေးကြော်ခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply