Advertisements

ပုလော ၊ နိဝၤဘာ ၈

တနင်္သာရီတိုင်းဒေသကြီးပုလောမြို့နယ်တွင်ကြဲရွှာရှိ၊ကြဲချောင်းသည်ဂုံးခရုများရှိသည့်သဲသောင်များနှုန်းမြေဖုံးလွှမ်း လာခြင်းကြောင့်လွန်ခဲ့သော ၁၀နှစ်နှင့်နှိုင်းယှဉ်ရလျင်ဂုံးခရုရရှိမှု အနည်းငယ်သာရရှိသည်ဟု ခရုကောက်၍အသက်မွှေးဝမ်းကျောင်းလုပ်ကိုင်ခဲ့သည့် ဒေသခံများထံမှသိရသည်။

အခုနောက်ပိုင်းဂုံးခရုများရှားပါးလာ၍ လိုင်စင်ရဂုံးခရုအဝယ်ဒိုင်လည်း လျှော့နည်းလာပြီးယခင်ကလူတယောက်၏ ဂုံးခရုကောက်ယူရရှိမှုသည် ရှစ်ပြည်ဝင်သံပုံး၃ပုံးခန့် ရရှိသော်လည်း၊ယခုနောက်ပိုင်းတွင် နှစ်ပြည်သာသာမျှသာ ရရှိခဲ့ကြောင်း ဂုံးခရုအလုပ်ဖြင့် သက်မွှေးဝမ်းကျောင်းသူအသက်၄၀အရွယ်ရှိမဝင်းရီကပြောသည်။

ပုလောမြို့နယ်ကြဲကျေးရွှာအုပ်စုရှိကျေးရွှာငါးရွာမှာ ဂုံးခရုကောက်ခြင်းဖြင့် အဓိကအသက်မွှေးဝမ်းကျောင်းလုပ်ကိုင် ရပ်တည်ပြီး ဂုံးခရုတည်ရှိရာ သဲသောင်ဧရိယာဧက ၂၀ ရှိ၍ နှစ်စဉ်နှစ်တိုင်းဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့်မတ်လအ ကုန်အထိ ဂုံးခရု ထိမ်းသိမ်းရေးကာလ အဖြစ်သတ်မှတ်ထားကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

“အရှေ့နှစ်တွေတုန်းကဆိုလူတစ်ဦးလျင်တနေ့ကိုဂုံးခရုသီရေငါးရာခန့်လာသွင်းကြပြီးအခုနောက်ပိုင်းလူတစ်ဦးလျင်သီရေငါးဆယ်ခန့်သာအဝယ်ဒိုင်ကိုလာသွင်းနိုင်တယ်လို့”ဂုံးခရုရောင်းဝယ်ရေးလိုင်စင်ရှိသူကြဲကျေးရွှာမှကိုခင်အောင်ကဆိုတယ်။

ဂုံးခရု၏အရွယ်အစားမှာ အမျိုးမျိုးရှိပြီး အကြီးဆုံးအရွယ်သည် ဒညှင်းသီးအလုံးသာသာလောက်ရှိ၍ ရောင်ကာလာများ လည်းကွဲပြားလျက်ရှိကာ
ဂုံးခရုသည်၊ ရေချိုရေငန်စပ်ရေချိုများစီးဆင်းရာ မြစ်ချောင်းတလျှောက်ရှိ သဲသောင်များတွင်သာမျိုးပွားလေ့ရှိပြီးပင်လယ်ရေအနက်ပေ၅ပေမှ၁၀ပေခန့်ရှိသောသဲသောင်ပြင်များတွင်သာ အသက်ရှင်နေနိုင်ကြသည့်သတ္တဝါအကောင်ဖြစ်သည်။

ဂုံးခရုကိုတစ်နှစ်ပတ်လုံးကောက်ယူရရှိပြီးအနီးအနားရှိကျေးရွှာဒေသများ၏ အဓိကအာထားရာ စီးပွားရေးအလုပ်ငန်းတခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Written by – ကျော်းစိုး(ဇရပ်ဆိပ်)

Advertisements
<

Leave a Reply