“အက်စစ်နဲ့ အပက်ခံရတယ်နေ့ကတည်း က အိမ်မှာ ပျော်ရွှင်မှုတွေဆုံးရှုံး သွားတယ်”

လွန်ခဲ့သော သုံးလဝန်းကျင်က သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ရထားလမ်းပြတိုက်အနီးတွင် ဆိုင်ကယ်ဖြင့် အလုပ်မှ အိမ်သို့ပြန်သော သားအဖ နှစ်ဦး အက်စစ်ဖြစ်အပက်ခံခဲ့ရသည်။ အပက်ခံရခြင်းကြောင့် နှစ်ဦးစလုံး ထိခိုက်ခဲ့ပြီး သမီးဖြစ်သူ မှာ မျက်နှာအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ပျက်စီးခဲ့ရသည်။ လက်ရှိတွင် မိန်းကလေးဖြစ်သူ၏ ကျန်းမာရေးအခြေအနေနှင့် အပက်ခံရမှုအပေါ်အမှုဖွင့်တရားစွဲဆိုထားသည့် အခြေအနေများကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

la pyae wine

ဟင်္သာ။ ။ညီမက အခု အသက်ဘယ်လောက်လဲ။
မလပြည့်ဝိုင်း။ ။ အသက် ၂၂နှစ် ပါ။

ဟင်္သာ။ ။ အလုပ်အကိုင်ကရော ။
မလပြည့်ဝိုင်း ။ ။ သံဖြူဇရပ်သေမင်းတမန်ရထားပြတိုက်မှာ စာရေးမ အလုပ်လုပ်နေခဲ့တာပါ။

ဟင်္သာ ။ ။ အခုလက်ရှိကျန်းမာရေးအခြေအနေဘယ်လိုရှိသလဲ။
မလပြည့်ဝိုင်း။ ။ညီမကတော့ အခုလက်ရှိအခြေအနေ အပြင်ကိုမထွက်ရဲဘူးပေါ့။ ဒဏ်ရာကတော နာနေသေးတယ် ။ မနက်ဖြန်ကျရင် ရန်ကုန်ပြန်တက်ပြီး ကုသရဦးမယ်ပေါ့။

ဟင်္သာ။ ။ အချိန်ဘယ်လောက်ကြာကြာကုသခဲ့ရလဲ။
မလပြည့်ဝိုင်း။ ။အချိန်ကတော့ နှစ်လလောက်ပေါ့ ။

ဟင်္သာ။ ။ ကုသတာရော ကုန်ကျစရိတ်ရော ဘယ်လောက်ကုန်သွားလဲ့။
မလပြည့်ဝိုင်း။ ။ကုန်ကျစရိတ်ကတော့ သိန်း ၃၀ ဝန်းကျင်လောက်ရှိမယ်။

မလပြည်ဝိုင်း။ ။ စစဖြစ်တာက မတ်လ ၂၂ ရက်နေ့ ညီမအလုပ်ကပြန်လာတာ သူများထက်နောက်ကျတယ် စာရင်းတွေကိုအကျဉ်းချုပ်ပြီး အဖေကလာကြိုလို့ ဆိုင်ကယ်နှင့် ပြန်လာတယ်။ မိုးကလည်းရွာနေတာပေါ့။ ဆိုင်ကယ်တစ်စီး အနောက်ကနေ ပါလာတာကို သိတယ်။ ဒီလိုပဲကိုယ်လိုပဲ ခရီးသွားလာတယ် လူလို့ထင်နေ တယ်ပေါ့နော်။ လှည့်မကြည့်ဘူးလေ။ အဖေနဲ့ စကားပြောနေရင်း လှမ်းပက်ခံရတာ ။ ရေပက်တာပဲလားဆိုပြီး သူ့ကိုလှည့်ကြည့်တဲ့အခါ မျက်နှာကိုလှည့်ပြီးပက်တာ သူ့ကိုတပ်အပ်မြင်တယ်။ ပြီးတော့ သူထွက်ပြေး သွားတယ်။ အဖေက သူ့နောက်ကိုလိုက်သေးတယ်၊နောက်ဆုံးတော့ ညီမကနာတယ်ဆိုပြီးတော့ အဖေက ဆေးရုံကို ပို့ပေးလိုက်တယ်။

ဟင်္သာ ။ ။ အပက်ခံရတာရော ဘယ်နှစ်ခါပက်လဲ
မလပြည့်ဝိုင်း။ ။ပထမ အကြိမ်ရင်ဘတ်ကို ပက်တော့ ကိုယ်ကိုဘာလာထိလဲဆိုတော့ သူကိုရုတ်ခနဲမြင်လိုက်တယ်။အဲ့အချိန်မှ မျက်နှာကို လှမ်းပက်လိုက်တာ။

ဟင်္သာ ။ ။ ပက်တဲ့လူကို မြင်လိုက်တယ်ဆိုတော့ အသိထဲကလား။ ရန်ငြိုးရန်စရှိလား။
မလပြည့်ဝိုင်း ။ ။ပက်တဲ့လူက ကျွန်မရည်းစားပဲ။ ပြတ်တာသုံးလကြာပြီးမှ သူပက်တာ။ ရန်စတာကတော့ ကိုယ်ဘက်က မသေချာဘူး ။ ညီမဘက်ကတော့ ရန်စရှိတယ်လို့ မထင်ဘူးလေ။ သူဘက်ကတော့ ငြိုးထားတာလာတော့ မသိဘူးလေ ။လွန်ခဲ့သောနှစ်လပိုင်းလောက်က facebook ပြဿနာတစ်ခုနှင့် သူ့ကို အိမ်ကိုတစ်ခါ ခေါ်တွေ့တယ်။ အဲဒီကိစ္စနဲပက်သက်ပြီး သူ့ဘက်ကငြိုထားတာလား မသိဘူးပေါ့နော်။ ညီမတို့အနေနဲ့ပြောတာကတော့ ကောင်းကောင်းမွန်မွန်ပဲပြောတာပေါ့ ။ရိုင်းရိုင်းစိုင်းစိုင်းနဲ ပြောတာတစ်ခါမှ မရှိဘူးပေါ့နော်။ သူကိုအဲဒီနေ့ကစပြီး ညီမကလမ်းခွဲခဲ့တာ။ ဒါပေမဲ့ သူဘက်ကမဖြတ်ဘူး။ ဖုန်းဆက်တယ် စာလည်းပို့တယ်။ ပြောတဲ့စကားက တောင်းပန်တဲ့ စကားနဲမတူဘူး။ ညီမတို့အိမ်တစ်အိမ်လုံးကို ခြိမ်းခြောက်တာလည်း ရှိတယ်။ ဒါပေမဲ့ ညီမကတော့ ကိုယ့်ပြဿနာဆိုတော့ အိမ်ကိုမပြောဘူးလေ။ ပြဿာနာကြီးသွာမှာလည်းကြောက်တယ်။ ဒီလိုဖြစ်လာမယ်လို့မထင်ထားဘူးပေါ့။

ဟင်္သာ။ ။ ရည်းစားဖြစ်ခဲ့တယ်ဆိုတဲ့သူနဲ့က ရော မဖြတ်ခင် ဘယ်နှစ်လလောက်တွဲဖြစ်ခဲ့သလဲ့။
မလပြည့်ဝိုင်း။ ။ သူနဲတွဲခဲ့တာ နှစ်ဝက်လောက်ပဲရှိမယ်။

ဟင်္သာ။ ။ အခု ဒီအပက်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဘာတွေ စီစဉ်ထားလဲ။
မလပြည့်ဝိုင်း ။ ။သူကို အခုတရားစွဲထားတယ်။ နာကြည်းတယ်လို့လည်းမဟုတ်ဘူးလေ ။ငါဖြစ်သလို သူလည်းဖြစ်စေရမယ်။ သဘောလည်း မဟုတ်ဘူး။ သူလုပ်ထားတဲ့ အပြစ်ကိုသူခံရမယ်ပေါ့။

ဟင်္သာ။ ။ အခုလိုအပက်ခံရပြီး ဘယ်လိုခံစားနေရသလဲ။ ရှေဆက်ပြီးတော ဘယ်လိုလုပ်ဖို့အစီအစဉ်ရှိလဲ။
မလပြည့်ဝိုင်း။ ။ ညီမအနေနှင့်ခံစားရမယ်ပြောလိုဆိုရင် အက်စစ်နဲ့ အပက်ခံရတယ်နေ့ကတည်း က အိမ်မှာ ပျော်ရွင်မှုတွေဆုံးရှုံးသွားတယ် ။ ပထမအချက်ကတော့ အလုပ်ကိုမသွားရဘူးလေ။ အလုပ်ကိုလည်း ပစ်ထားရတယ်။ ကိုယ်ကစာရင်းကိုင်ဆိုတော့ စာရင်းတွေအာလုံးကိုယ်လက်ထဲမှာရှိနေတယ်။ အိမ်မှာလည်း ပျော်ရွှင်မှုတွေကုန် သွားပြီး။ ဘွဲ့ယူရတော့မယ် ဆိုတော့ သူငယ်ချင်းတွေနဲ့လည်းချိန်းထားတယ်။ ဘွဲ့ယူဖို့ ဖောင်တင်မယ်။ ပြောထားပြီးတော့မှ မယူဖြစ်တော့ဘူးပေါ့နော်။ ညီမအနေနဲလက်မလျော့ဘူး။ ဘွဲ့ကိုတော့ယူမယ်။ ဘွဲ့ကိုမယူဖြစ်တောင်မှ ပျက်ကွက်တဲ့အနေနဲ့ ဘွဲ့လက်မှတ်ကိုပြန်ယူမယ်ပေါ့။ အဓိကတော့ အိမ်ကပျော်ရွင်မှုတွေကို ဆုံးရှုံးတာပေါ့။

ဟင်္သာ ။ ။ ကိုယ့်ကိုယ်ကို ဘယ်လိုအားပေပြီးတော့ ဘွဲ့ကိုဘယ်လိုယူသွားဖို့ရည်မှန်းထားလဲ။
မလပြည့်ဝိုင်း။ ။ မျှော်လင့်ချက်ပေါ့။ ဒီထက်နည်းနည်သက်သာမယ်ဆိုလိုရှိရင် အဆင်ပြေမယ် မျက်နှာမျိုး နည်းနည်းပြန်ရမယ်ဆိုလို့ရှိရင် ဘွဲ့ပြန်ယူမယ်။ အဓိကမျက်လုံးပေါ့။ မျက်လုံးကဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် သွားမယူတော့ဘူး။ ဆရာဝန်တွေကတော့ အခုတစ်ခါတက်ရင်မျက်လုံးကို ကြည့်ပေးမယ်လို့ပြောတယ်။

ဟင်္သာ။ ။လက်ရှိမျက်လုံးကဘယ်လိုခံစားနေရလဲ။
မလပြည့်ဝိုင်း။ ။မျက်လုံးကတော့ မှန်ကြည့်လိုက်တိုင်းဆိုရင် မျက်လုံးကအဓိကသွားမြင်တယ်။ အခါတိုင်း ဒီအနာတွေရှိနေပါစေ။ မျက်လုံးကဖွင့်နေမယ်ဆိုရင်တော့ နှစ်ဖက်စလုံးမြင်နေရတယ်။ အခုတော့ ဘေးနားကရပ်နေတဲ့ လူကိုတောင် မမြင်ရတော့ဘူး။ ခါတိုင်းဆိုကြည့်ရင်မြင်တယ်။ ကိုယ်ချည်းပဲ လှည့်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ မျက်လုံကသိပ်ပြီးအဆင်မပြေဘူး။ အောက်ဘက်ကိုကြည့်ရင်တော့မြင်ရတယ် တစ်ခုကကြွက်သားကိုမပြီး ကြည့်နေရတယ်။

ဟင်္သာ ။ ။ဆရာဝန်တွေကရော ဒဏ်ရာနှင့် ပတ်သက်ပြီး ဘယ်လိုရက်ချိန်းထားပေးလဲ။
မလပြည့်ဝိုင်း။ ။အခုတစ်ခေါက်သွားရင်တော့ ဒဏ်ရာတွေကိုအရင်ကြည့်ဦးမယ်ပေါ့နော်။ ဆေးရုံတော့ မပေးတက်သေဘူး၊ ကြည့်ပြီးတော့ လိုအပ်တဲ့နေရာကို ခွဲမယ်ပေါ့နော် အချိန်တော့ယူရမယ် ပေါ့။ ချက်ချင်ကြီးတော့ မပျောက်ဘူးပေါ့ အကြာကြီးစောင့်ရမယ်ဆိုရင်လည်း စောင့်ရမယ်ပေါ့ တဖြည်းဖြည်းနဲ သက်သာလာမယ်လို့ပြောတယ်။

ဟင်္သာ။ ။ နောက်ဆုံးအနေနဲ့ ဒီလိုကိစ္စမျိုးတွေ မဖြစ်တော့အောင်ပေါ့ ဘာများပြောချင်လဲ ။
မလပြည့်ဝိုင်း။ ။ညီမရဲ့ယောကျာ်းလေး သူငယ်ချင်းပေါ့နော် ဒီကနေ့မြင်နေရတယ် လူတွေအားလုံးပေါ့ ကိုယ့်ရည်းစားတစ်ယောက်ကို ဖြတ်သွားတယ်ဆိုရင် တောင်းပန်ပေါ့နော် တကယ်လို့ မတောင်းပန်နိုင် ဘူးဆိုရင်လည်း နာကျင်တဲ့လုပ်ရပ်မျိုး မလုပ်ကြနဲ့နော် အက်စစ်နဲပက်တာမျိုးပဲဖြစ်ဖြစ် ဓားနဲ့ထိုးတာမျိုးဖြစ်ဖြစ် ဒီလိုကြမ်းတမ်းတဲ့ အပြုအမူမျိုးကို မလုပ်စေချင်ဘူး ဒီလိုလုပ်ခဲ့မယ်ဆိုလို့ရှိရင် ခံရတဲ့ လူတွေအတွက်လည်း အများကြီးဆုံးရှုံးရတယ် သူ့အနေကလည်း စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူး သူလည်းရင်ဆိုင်ရမှာဘဲ အဘက်ဘက်ကနေကြည့်ရင် ဆုံးရှုံးမှုတွေများတာပဲ ဒီလိုမလုပ်ရင်တော့ လူမှုနယ်ပယ်မှာတော့ အများကြီးတိုးတက်လာမှာပါ။

ဟင်္သာ။ ။ ဟုတ်ကဲ့ အခုလို ကျန်းမာရေးမကောင်းတဲ့ကြားထဲက ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Leave a Reply