သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖ နှစ်ဦးကို အက်ဆစ်ဖြင့်အပက်ခံသည့်အမှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် သံသယရှိသူကို အက်ဆစ်ဖြစ်အပက်ခံရသူများ၏ မိသားစုဝင်က တရားစွဲဆိုလိုက်ကြောင်း အဆိုပါမိသားစုဝင်တစ်ဦးဖြစ်သူ မယမင်းသူဇာက ပြောကြားသည်။

logo-copy

ယင်းအမှုနှင့်ပတ်သက်၍ ဒုတိယမြောက်ရုံးချိန်းကို ု ဇူလိုင်လ ၈ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တရားရုံးတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဥပဒေ ပုဒ်မ-၃၂၆ ဖြင့် မိသားစုဝင်တစ်ဦးက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း အက်ဆစ်ဖြင့် အပက်ခံခဲ့ရသည့် မလပြည့်ဝန်း၏ အစ်မဖြစ်သူ မယမင်းသုူဇာက ရှင်းပြသည်။

ထိုသို့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် သံသယရှိသူ အမျိုးသားတစ်ဦးကို တရားစွဲဆိုထားခြင်းမှာ ဟုတ်မှန်ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၂၅ ရက်နေ့ညနေပိုင်းက သံဖြူဇရပ်မြို့အောင်ဇေယျရပ်ကွက်တွင်နေထိုင်သော မလပြည့်ဝန်းနှင့် သူ၏ ဖခင်ဦးစန်းမောင်တို့သည် အိမ်ပြန်လာရာတွင် မော်လမြိုင်-ရေးကားလမ်းရှိ သေမင်းတမန်ဘူတာရထား စက်ခေါင်းအနီးတွင် အက်ဆစ်ဖြင့်အပက်ခံခဲ့ရခြင်းဖြစ်ကြောင်း အပက်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။

ထိုသို့ အပက်ခံရခြင်းကြောင့် အမျိုးသမီးတွင် မျက်နှာတစ်ဘက်နှင့် လက်တစ်ဘက်ကို အက်ဆစ်ထိခဲ့သော ကြောင့် ရန်ကုန်မြို့တွင်သွားရောက်ကုသခဲ့ရပြီး ဖခင်ဖြစ်သူမှာမူ အိမ်တွင်ဆေးကုသ ခံယူခဲ့သည်မှာ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း မလပြည့်ဝန်း၏ အစ်မဖြစ်သူ ဒေါ်ထက်ကပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သံဖြူဇရပ်မြို့မရဲစခန်းမှ သံသယရှိသူအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အက်ဆစ်ဖြင့်ပက်သွားသူကို (ပ)၉၁/၂၀၁၆၊ပုဒ်မ-၃၂၆ ဖြင့်အမှုဖွင့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

Leave a Reply