ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ကျွဲကောင်ရေ ၂၀ ကျော် တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး
ကို စက်တင်ဘာလ ၂၆ရက်နေ့ က သံဖြဴဇရပ်မြို့နယ် အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

logo-copy

အဆိုပါ နေ့ ည ၈နာရီ ဝန်းကျင်ခန့်က သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအောက်ပိုင်း အုတ်ဖိုလမ်း၊ သင်္ချီုင်း အနီးတွင် ကျွဲအကောင်ရေ ၂၆ ကောင် တင်ဆောင်လာသော မော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့သတင်းရရှိတဲ့အတွက် လမ်းပေါ်မှာရပ်ထားတဲ့ ကားကို သံဖြူဇရပ်ရဲတပ်ဖွဲ့ဝင်တွေ
ကသွားစစ်ဆေးပြီးတော့ဖမ်းဆီးခဲ့တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ်ကို သံဖြူဇရပ်မြို့နယ် ကြာကန်ရပ်ကွက်တွင် နေထိုင်သူမောင်ကျော်ငြိမ်းလတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာတွင်နေထိုင်သူ မောင်ဒါဝတ်တို့မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ မော်တော်ယာဉ်မောင်းနှင်သူနှစ်ဦးကို ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ ကျွဲများကိုဧရာဝတီ တိုင်းဒေသကြီးမှ တရားမဝင်သယ်ဆောင်လာပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန် တိုင်ကျေးရွာမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်သယ်ဆောင်လာခြင်းဖြစ်သည် ဟုသိရှိရကြောင်း ၎င်းကပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ကျွဲများတင်ဆောင်လာခြင်းကြောင့် ဖမ်းဆီးခံထားရသူနှစ်ဦး ကို စက်တင်ဘာလ ၂၇ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်မြို့မရဲစခန်းက (ပ)၁၄၆/၂၀၁၆၊ အရေးကြီးကုန်ပစ္စည်း ဝန်ဆောင်မှု ပုဒ်မ-၅အရ အမှုဖွင့်အရေးယူထားကြောင်းမော်လမြိဳင်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Leave a Reply