သံဖြူဇရပ်၊ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာတွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရန် ဆယ်အိမ်စုမှူး ရွေးချယ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရွာသားအချင်းချင်း စကားများရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။

ဆယ်အိမ်စုမှူးရွေးချယ်နိုင်ရန် ကြီးကြပ်ရေးမှူးများက အရန်မီသတ်တပ်ဖွဲ့မှ ဦးတင်လှ (ခ) ဦးတင်သောင်းကို ကျေးရွာအတွင်း ဆယ်အိမ် တစ်စုစီ ဖိတ်ကြားခိုင်းခြင်းနှင့် ပတ်သက်ပြီး ရွာသား ဦးပေါက်စ (ခ) ဦးထွန်းထွန်းလှနှင့် စကားများရန်ဖြစ်ကြရာမှ ရွာသား ဦးပေါက်စက ဓါးဖြင့်ထိုးခဲ့သည်ဟု ဝဲကလိရွာသားများက ပြောသည်။

ဦးပေါက်စသည် ဦးတင်လှကို လေးလက်မခန့်ရှိသော ခေါက်ဓါးဖြင့် ထိုးခဲ့သော်လည်း ခြေထောက်တွင်သာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဦးပေါက်စသည် ထွက်ပြေးတိန်းရှောင်ခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။

ထိုနောက် ဇနဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ဓါးဖြင့်ထိုးခဲ့သော ဦးပေါက်စက သံဖြူဇရပ်မြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲဲ့ကြာင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါးထိုးမှုနှင့်ပတ်သက်၍ ဦးပေါက်စကို သံဖြူဇရပ်မြို့မရဲစခန်း၌ (ပ) ၁၇၅/၂၀၁၅ ပြစ်မှုပုဒ်မ ၃၂၄ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။

Leave a Reply