( ဓာတ်ပုံ အညွှန်း – ကားဂိတ်ပေါင်း ၂၀ နှင့် ဆိုင်ခန်းပေါင်း ၆၀ ပါရှိသည်။ )

သံဖြူဇရပ်၊ မတ်လ ၁၄ ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်တွင် တည်ဆောက်ထားသော အဝေးပြေးယာဉ်ရပ်နားဝင်းကို မတ်လ ၂၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။

( ဓာတ်ပုံ အညွှန်း – ကားဂိတ်ပေါင်း ၂၀ နှင့် ဆိုင်ခန်းပေါင်း ၆၀ ပါရှိသည်။ )
( ဓာတ်ပုံ အညွှန်း – ကားဂိတ်ပေါင်း ၂၀ နှင့် ဆိုင်ခန်းပေါင်း ၆၀ ပါရှိသည်။ )

အဆိုပါ ယာဉ်ရပ်နားဝင်းအတွင်း မတ်လ ၁၄ ရက်နေ့မှ စတင်ကာ အဝေးပြေးယာဉ်လိုင်းများ ဂိတ်စတင် ထိုးနေပြီဖြစ်သော်လည်း မတ်လ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကာ ကားဂိတ်ပေါင်း ၂၀ နှင့် ဆိုင်ခန်းပေါင်း ၆၀ ပါရှိကြောင်း ၎င်းက ရှင်းပြသည်။

အဝေးပြေးကားများအားလုံးနီးပါးကို ကားဝင်းအတွင်း ဂိတ်ထိုးစေမည် ဆိုလျှင် မြို့ပေါ်တွင်လည်း ယာဉ်ကြောရှင်းလင်းပြီး လမ်းများပိုကျယ်လာသည့်အတွက် သွာလာရန် လွယ်ကူအဆင်ပြေမည် ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ရွာနေ ကိုပလိုင်က ပြောသည်။

“အရင်ကားဝင်းအဟောင်း ရှိပေမဲ့ နှစ်တွေလည်းကြာပြီး မဖြစ်ထွန်းခဲ့တော့ ဒီနေရာက မဖြစ်နိုင်ဘူးလို့ပဲ ထင်ထားကြတာပေါ့၊ အခုတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ဟာက ဖြစ်လာပြီး”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အဝေပြေးကားဝင်းသည် သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ စီမံကိန်းဖြစ်ပြီး ကျပ်သိန်းပေါင်း ရ၈၀၀ အကုန်ကျခံကာ ကောင်းစုအေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Leave a Reply