မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် သံလွင်တံတားထိပ်မှ ဆွမ်းအုပ်အဝိုင်းကိုဟင်္သာအဝိုင်းပြောင်းလဲတပ်ဆင်ရန် ဟင်္သာရုပ်တုအသစ် တည်ဆောက်မှုအား သြဂုတ် ၁၅ ရက်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းဟင်္သာရုပ်တုအသစ် တည်ဆောက်နေသည့် မွန်လူမျိုးအင်ဂျင်နီယာဦးစိုးသိန်းကပြောကြားသည်။

Hinthar

“ဟင်္သာရုပ်ပြီးရင် ဝန်ကြီးချုပ်ကိုတင်ပြမယ်၊ ဝန်ကြီးချုပ်ကခွင့်ပြုတယ်ဆိုရင် တင်မယ်”ဟု၎င်းက ပြောသည်။

ဆွမ်းအုပ်အဝိုင်းကိုဟင်္သာအဝိုင်းအဖြစ် ပြောင်းလဲရန် ဟင်္သာရုပ်တုအသစ်ကိုဇူလိုင်လ ၇ ရက်နေ့ကစတင် တည်ဆောက်ခဲ့ပြီးထိုဟင်္သာရုပ်တုကိုအလျား၊ အနံ၊ အမြင့် ၁၁ ပေ၊ အနံ ၁၁ ပေစီဖြင့် တည်ဆောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုအချိန်တွင် ဟင်္သာရုပ်အပြီးသတ်ရန် အချောကိုင်ခြင်းနှင့် ဆေးရောင်သုတ်ခြင်းများသာကျန်ရှိတော့သဖြင့် ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟင်္သာရုပ်အသစ် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်သိန်း ၄၀ ခန့်ရှိခဲ့ပြီးထိုကုန်ကျငွေများကိုမွန်လူထု၏ လှူဒါန်းငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Leave a Reply