သံလွင်တံတားထိပ် ဟင်္သာရုပ်ထုဖွင့်ပွဲကို သြဂုတ်လ(၁၄)ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်မှာပဲဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ(၉)ရက်နေ့မှာဆိုရင်တော့ ဟင်္သာရုပ်ထုကို နံနက် (၁၀)နာရီက စတင်တပ်ဆင်နေပါတယ်။ ဟင်္သရုပ်ထု ပြန်လည်တပ်ဆင်နိုင်စေဖို့အတွက် အနယ်နယ်ကအလှူရှင်များက လှူဒါန်းပေးခဲ့ကြပါတယ်။ ဟင်္သာရုပ်ထုကို မွန်တို့ရဲ့ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ပဲခူးဘက်ကို မျက်နှာမူတပ်ဆင်သွားမှာဖြစ်ပြီး ရုပ်ထုဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၁၄)ရက်နေ့ နံနက် (၉) နာရီမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Leave a Reply