မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့ရှိ မုတ္တမ-မော်လမြိုင် သံလွင်တံတား၏ လူသွားလမ်းပေါ်မှ တံတားအောက် သံလွင်မြစ်အတွင်းသို့ သေးပေါက်ချနေသော အမျိုးသားတစ်ဦးသည် သံလွင်မြစ်ထဲသို့ ခြေချော်ပြုတ်ကျခဲ့ကြောင်း သံလွင်မြစ်အတွင်း လုပ်ကိုင်နေသည့် ငါးဖမ်းပိုက်လုပ်သားများထံမှ သတင်းရရှိသည်။

thanlwin-bridge

အပေါ့သွားရာမှ ခြေချော်ပြုတ်ကျသူမှာ ခြေတစ်ဖက်မခိုင်သဖြင့် နိုဝင်ဘာလ ၁ဝ ရက်နေ့ နံနက် ၉ နာရီခန့်က ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကူးတို့လုပ်သား ဦးတရုတ်က ပြောပြသည်။

“သေးပေါက်တာ ခြေထောက်က မခိုင်တော့ တံတားပေါ်ကနေ ချော်ပြီးတော့ ကျသွားတာ၊ ဒါကို အောက်က ပိုက်ဆွဲသမားတွေတွေ့ပြီး အမြန်ကယ်လိုက်လို့ အသက်ရှင်သွားတယ်”ဟု ဦးတရုတ်က ဆိုသည်။

သံလွင်တံတား တိုင်အမှတ် ၂ဝ မှ သံလွင်မြစ်အတွင်းသို့ ပြုတ်ကျခဲ့သော်လည်း ရေနှင့်သာ ဆောင့်မိသဖြင့် ရင်ဘတ် အောင့်ရုံမှလွဲ၍ ဒဏ်ရာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ကြောင်း ဦးတရုတ်က ပြောပြသည်။

Written by – ဖိုးဝ

Leave a Reply