မော်လမြိုင်မှ ဘီလူးကျွန်းဒေသသို့ သွယ်တန်းသောသံလွင်မြစ်ကျော် လျှပ်စစ်ဓါတ်အားလိုင်းတည်ဆောက်မှုကြောင့် နစ်နာသွားသည့် လယ်မြေများအတွက် လျော်ကြေးများပြန်လည်ပေးအပ်ရန် ပြည်ထောင်စုဝန်ကြီးထံတင်ပြ တောင်းဆိုထားကြောင်းမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။tower

“ကျွန်တော့်မဲဆန္ဒနယ်ထဲကလယ်သမားတွေရသင့်ရထိုက်တဲ့အခွင့်အရေးဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးကိုတင်ပြလိုက်တာဖြစ်ပါတယ်” ဟုဒေါက်တာအောင်နိုင်ဦးကပြောသည်။

အဆိုပါစီမံကိန်းကို ပြည်ထောင်စုဘဏ္ဍာငွေနှင့်ပြည်နယ်ဘဏ္ဍာငွေအဖြစ် နှစ်ပိုင်းခွဲပြီးလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီးမော်လမြိုင်မှ ချောင်းဆုံခွဲရုံထိဓါတ်အားလိုင်းသွယ်တန်းခြင်းကို ပြည်ထောင်စုအဆင့် လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“တောင်သူလယ်သမားအခွင့်အရေးဥပဒေအရရောလယ်ယာမြေဥပဒေအရရောသူတို့ကိုလုပ်ပေးရမှာဖြစ်တဲ့အတွက် မလျော်လို့ကိုမရဘူး” ဟုဒေါက်တာအောင်နိုင်ဦးကပြောသည်။

မော်လမြိုင်-ချောင်းဆုံ ၆၆ကေဗွီမြစ်ကျော် လျှပ်စစ်ဓါတ်အားလိုင်းအတွက် တည်ဆောက်ရာ၌ ချောင်းဆုံဘက်ခြမ်းတွင် ဘိုးနက်ကျေးရွာလယ်ကွင်းများမှ တောင်သူများအများဆုံးနစ်နာနေကြောင်းဘိုးနက်ကျေးရွာမှ ဦးထွန်းခိုင်ကဆိုသည်။

လုပ်ငန်းစတင်ခဲ့သည်မှာတစ်နှစ်ကျော်ပြီဖြစ်ပြီးနစ်နာသူများကိုငဲ့ကွက်သည့်အနေဖြင့် အစိုးရကလျော်ကြေးပေးစေလိုကြောင်းဒေသခံများကဆိုကြသည်။

Leave a Reply