အများပြည်သူများ အပန်းဖြေအနားယူရန် ပြင်ဆင်မှုများ ပြုလုပ်နေသော မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် အခမဲ့ အသုံးပြုနိုင်မည့် အင်တာနက်ဝိုင်ဖိုင်(Wi-fi) တပ်ဆင်ပေးမည်ဖြစ်ကြောင်း သံလွင်ဥယျာဉ် အဆင့်မြင့်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလှရှိန်က ပြောကြားသည်။

6-DSC_1205 copy

သံလွင်ဥယျာဉ်ကို ပြင်ဆင်နေမှုမှာ ပြီးစီးသလောက်ရှိနေပြီး အများပြည်သူများ အဆင့်မီအပန်းဖြေနိုင်ရန် အခမဲ့ အသုံးပြုနိုင်မည့် အင်တာနက်ဝိုင်ဖိုင်(Wi-fi)စနစ်ကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်း သံလွင်ဥယျာဉ် အဆင့်မြင့်ကော်မတီအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ပန်းခြံအဝင်ဝတွင် မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(ရုပ်တု) ဟူ၍ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် မုခ်ဝ ဆောက်လုပ်ထားပြီး လူများနားနေရန် ထိုင်ခုံများလည်းပြုလုပ်မည်ဖြစ်ကာ ဆိုင်ကယ်ရပ်နားစခန်းလည်း ပါဝင်မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးလှရှိန်က ရှင်းပြသည်။

ထို့အတူ သံလွင်ဥယျာဉ်ပန်းခြံကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လက်ဆင့်မကမ်းစေဘဲ ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် မွန်ပြည်နယ်စည်ပင်ဝန်ကြီးကို အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါပန်းခြံပြင်ဆင်ခြင်းကို သံလွင်ဥယျာဉ် အဆင့်မြင့်ကော်မတီက အများပြည်သူများ၏ အလှူငွေဖြင့် ကျပ်သိန်း ၅၀ဝ ကျော် အကုန်ကျခံ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

Leave a Reply