Photo was proudly shared via internet.Thank you to honor the original image.

မော်လမြိုင် မတ်

ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေသည့်အပြင် ရွှေဈေးနှုန်းမှာလည်း ကျပ်တစ်သောင်းခန့် ကျဆင်းသွားသဖြင့် ရောင်းသူ၊ဝယ်သူများဖြင့် ရွှေဆိုင်များ အလုပ်ဖြစ်နေကြကြောင်းသိရသည်။

မြန်မာနှစ်သစ်ကူးသြင်္ကန်ရက် နီးကပ်လာပြီး ဖြစ်သည့်အလျှောက် အနယ်နယ်အရပ်ရပ်တွင်
အလုပ်လုပ်ကိုင်နေသူများ ပြန်လည်ရောက်ရှိလာကာ အလှူအတန်းများလုပ်ဆောင်ရန် ရွှေများလာရောက်ထုတ်ရောင်းကြသလို စုဆောင်းလာသောငွေများဖြစ်လည်း

ရွှေများလာရောက်ဝယ်ယူူကြကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ နှစ်စဉ် ဒီလိုပဲ သြင်္ကန်ရောက်ခါနီးရင် အနယ်နယ်အရပ်ကပြန်လာတဲ့သူတွေ၊ ရောင်းတာနဲ့ ဝယ်တာနဲ့ ရွှေဆိုင်တွေကအလုပ်ဖြစ်နေကြတယ်” ဟု ၎င်းကဆိုသည်။

ရွှေဈေးနှုန်းသည် ယခုနှစ်ရက်တာအတွင်း ကျပ် ၁၀၅,၂၀၀၀ ရှိရာမှ ၁၀၄,၂၀၀၀ ထိကျဆင်းခဲ့ပြီး၊မတ် ၂၉ ညနေတွင်ကျပ် ၁၀၄,၅၀၀၀ ဖြစ်ခဲ့ကြောင်းသိရသည်။

ဤသို့ ရွှေဈေးနှုန်း ကမောက်ကမ ဖြစ်နေရခြင်းမှာ ကုန်သည်ကြီးများ၏ ဒေါ်လာဈေးကစားမှုတွင်တည်မှီနေကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

စောနော်
==

Leave a Reply