Advertisements

မော်လမြိုင်၊ ဇူလိုင် ၉

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခြောက်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၃၅၀ ဦး ရှိခဲ့ပြီး သေဆုံးသူ သုံး ဦးအထိ ရှိလာခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှုုး ဒေါက်တာစည်သူရဲနောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုတွင် ရေးမြို့နယ်၌ အများဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံးသူများသည် ဆေးရုံ ရောက်နောက်ကျ၍ သေဆုံးကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ခြုံပြောရင် ဆေးရုံအရောက်နောက်ကျတာပေါ့ သေသွားတဲ့ ၁၆နှစ်က အသက်ကြီးတဲ့အခါကျတော့ သူ့ကိုယ်သူ ထင်ကိုမထင်ထားတာ တကယ့်တကယ်တော့ အသက်ရွယ်မရွေးဖြစ်နိုင်တာပဲ”ဟု ဒေါက်တာ စည်သူရဲနောင်က ဆိုသည်။

သေဆုံးသူများတွင် သံဖြူဇရပ်မြို့နယ်မှ အသက် ကိုး နှစ် အရွယ် ကလေးငယ် တစ်ဦး၊ ပေါင်မြို့နယ်တွင် ရှစ်လ အရွယ် မိန်ကလေးငယ် တစ်ဦး ၊ သထုံမြို့နယ်တွင်မူ အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦး ပါဝင်နေသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ရေကြည် ရေသန့်များမှ တဆင့် ပေါက်ဖွားတက်သော ခြင်ကျား ကိုက်၍ ဖြစ်ပွားတတ်သည့် ရောဂါ ဖြစ်ပြီး၊ အသက် ၅ နှစ် မှ ၉ နှစ် အရွယ် ကလေးငယ်များတွင် အဖြစ်များသော ရောဂါ တစ်ခု ဖြစ်သည်။

ထို့ကြောင့် ကလေးငယ်များ သွေးလွန်တုပ်ကွေ ရောဂါ မဖြစ်ပွားအောင် မိဘများအနေဖြင့် ကာကွယ် ဆေးထိုးခြင်းတို့ကို ကျန်းမားရေး ဌာနနှင့် တိုင်ပင်၍ ထိုးနှံခြင်း အပါအဝင် ဖုံး၊ သွန်၊ လဲ ၊ စစ် နှင့် မုတ်ဆေးဖျန့်ခြင်းတို့ကို လုပ်ဆောင်ကြရန် ဒေါက်တာ စည်သူရဲနောင်က တိုက်တွန်း ပြောဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မွန်ပြည်နယ်တွင် ၂၀၁၅ ၌ ကပ်ရောဂါ အသွင်ဖြစ် ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပွားသူ ၁၁၂၆ ဦးတွင် သုံး ဦး သေဆုံးထားကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

၂၀၁၆ နှင့် ၂၀၁၇ တွင်မူ ရောဂါ ဖြစ်ပွားမှု ရှိခဲ့သော်လည်း လူ သေဆုံးမှု မရှိခဲ့ပေ။

Written by ဂေထော

Advertisements
<

Leave a Reply