Advertisements

မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၄ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၂၈၃ ဦး ရှိခဲ့ပြီး သေဆုံးသူ လေး ဦးအထိ ရှိလာခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(ရပကန) ဒေါက်တာစည်သူရဲနောင်က ဟင်္သာမီဒီယာသို့ ပြောသည်။

မော်လမြိုင်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း ပိုမိုများပြားပြီး သထုံခရိုင်အတွင်း၌ ဖြစ်ပွားမှုနှုန်းမှာ နည်းပါးကြောင်း ၎င်းက ပြောသည်။

“ရောဂါဖြစ်ပွားရတာက စနစ်တကျ ဖုံးတာ၊ အုပ်တာ၊ သွန်တာတွေ မလုပ်ကြတော့ မော်လမြိုင်ခရိုင်ဘက်မှာ ပိုဖြစ်တာပေါ့”ဟု ဒေါက်တာစည်သူရဲနောင်က ပြောသည်။

မော်လမြိုင်မြို့နယ်တွင်၂၅၅ဦး၊ မုဒုံမြို့နယ်တွင် ၂ဝ၅ဦး၊ ပေါင်မြို့နယ်တွင် ၁၉၉ဦး၊ သံဖြူဇရပ်တွင် ၁၈၇ ဦး၊ ရေးမြို့နယ်တွင် ၁၇၈ ဦး၊ ကျိုက်မရောတွင် ၁ဝ၁ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၇၃ ဦး၊ သထုံမြို့နယ်တွင် ၆၄ ဦး၊ ဘီးလင်းမြို့နယ်တွင် ၁၆ ဦးနှင့် ကျိုက်ထိုမြို့နယ်တွင် ငါး ဦး ဖြစ်ပွားခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ပေါင်မြို့နယ်တွင် ၈လသားအရွယ် ကလေး တစ် ဦး၊ သထုံမြို့နယ်တွင် ၁၅နှစ်အရွယ် တစ် ဦး၊ သံဖြူဇရပ်တွင် ၉နှစ်အရွယ် တစ် ဦး နှင့် ရေးမြို့နယ်တွင် ၄နှစ်အရွယ် တစ် ဦး သေဆုံးခဲ့ကြောင်းသည်။

ယခုနှစ်အတွင်း သေဆုံးမှုသည် ၂၀၁၅ ခုနှစ်က ရောဂါဖြစ်ပွားစဉ် သေးဆုံခဲ့သော လူဦရေး ထက် ပိုသွားပြီ ဖြစ်သည်။ ၂၀၁၅ တွင်မူ ရောဂါ ဖြစ်ပွား၍ သေဆုံးသူ သုံး ဦး သာ ရှိခဲ့သည်။

သွေးလွန်တုပ်ကွေးဖြစ်သောလူနာများသည် သတိလစ်ခြင်းများ ခဏခဏဖြစ်သောကြောင့် ပိုမိုဂရုစိုက်ကုသရန် လိုအပ်သည့်အပြင် ကလေးများ ဖျားနာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်ပြသရန် လိုအပ်ကြောင်း ဒေါက်တာ စည်သူရဲနောင်က ပြောဆိုသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply