မကြာသေးခင်က Facebook Page ကိုတိုက်ခိုက်ခြင်းခံလိုက်ရသည့် သက်မွန်မြင့်က အချို့သော ဟက်ကာများကြောင့် လူမှုကွန်ရက်သုံးစွဲသူ မြန်မာမိန်းကလေးများ ထိခိုက်လာနိုင်ကြောင်း ပြောပြခဲ့ပါသည်။

” Facebook သုံးတဲ့ သူတွေရဲ့ အကောင့် ကို Hack ကြတယ်။ ခြိမ်းခြောက်ကြတယ်ဆိုတော့ မြန်မာမိန်းကလေးတွေ အတွက်လည်း အများကြီးထိခိုက်ကြတာပေါ့နော်။ တချို့ဆို သူတို့ခြိမ်းခြောက်တဲ့ဟာကြီးက ကြောက်စရာကြီး သက်မွန်စဉ်းစားတာက ကိုယ်တွေလို အနုပညာရှင်တွေရဲ့ အကောင့်ကိုတောင်သူတို့လုပ်တယ်ဆိုတော့ တခြားသူတွေဆိုပြောမနေနဲ့ သက်မွန်ရဲ့အကောင့်ကိုတိုက်ခိုက်တဲ့သူတွေ လုပ်တယ်လို့တော့ မပြောပါဘူး။ အဲဒီလိုလုပ်လာနိုင်တဲ့သူတွေလည်းရှိနိုင်တယ်လေ။ သာမန်မိန်းကလေးတွေ အတွက် သူတို့ဘဝက ဘယ်လောက်ထိ လုံခြုံမှုမရှိလဲဆိုတာ တွေးမိတာပေါ့နော်။ ဒါကတော့ နည်းပညာတိုးတက်လာတဲ့အတွက် ဆိုးကျိုးတစ်ခုပေါ့” ဟု သက်မွန်မြင့်က ပြောသည်။

သက်မွန်မြင့်သည် သူFacebook တိုက်ခိုက်ခံရသည့်အတွက် လူမှုအကျိုးပြုအလုပ်များလက်လွတ်ခဲ့ရကြောင်း သူ ပေ့သည် ပရိသတ် နှစ်သန်းကျော်ရှိသည့်အတွက်ကြောင့် လူမှုအကျိုးပြုများပြုလုပ်ရာတွင် ပျံ့နှံ့မှုပိုမြန်ကြောင်း ပြောသွားခဲ့သည်။

” သက်မွန်အကောင့်ကို Hack တဲ့အတွက်ကြောင့် သူတို့အတွက်လည်း ဘာအကျိုးရှိလဲတော့ ကိုယ်လည်း မသိဘူး။ ရန်ငြိုးရန်စလည်း မရှိဘူး။ ဘယ်သူ့ကိုမှလည်း ဒုက္ခပေးထားတာလည်း မရှိပါဘူး။ အဲလိုမျိုးဖြစ်သွားတော့ တော်တော်တော့စိတ်မကောင်းဘူး” ဟု သက်မွန်မြင့်ကဆက်ပြောသည်။

Written by Hinthar Media

Leave a Reply