Advertisements

ချောင်းဆုံ ဖေဖော်ဝါရီ

ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းအနီး စတားဟိုက်ကုမ္ပဏီမှ သောင်တူးသင်္ဘောများက သဲစုပ်ယူနေသည့် အတွက် အဆိုပါကျွန်းနှင့်ကျောက်တန်းကျွန်းတို့တွင်ကမ်းပြိုမှုများရှိနေကြောင်းသိရသည်။

“တော်တော်များများကို ကမ်းပြိုတာတွေတွေ့ရတယ် ။ မြက်ကျွန်းဆိုရင်ကုန်သလောက်ဖြစ်သွားပြီ ။ဖြစ်ပေါ်တွေ့ရှိရ တဲ့အခြေအနေတွေကို ပြည်နယ်အစိုးရအဖွဲ့ကိုဆက်လက်တင်ပြသွားမယ်”ဟု မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးဒေါ်ကြည်ကြည်မြ ကပြောသည်။

သောင်တူးသင်္ဘောကြီးများ သဲစုပ်ယူနေ၍ကမ်းပြိုမှုများရှိနေကြောင်း ဒေသခံများထံမှသိရ၍ ဖေဖော်ဝါရီ ၁၂ ရက်တွင် နတ်မှော်ဆိပ်ကမ်းမှ ဟင်္သာကျွန်းသို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်တို့က စက်တပ်လှေငယ်ဖြင့် သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

“စတားဟိုက်ကုမ္ပဏီက ၂၀၁၆ ခုနှစ်တုန်းကမွန်ပြည်နယ်လွှတ်တော်မှာလာရောက်ညှိနှိုင်းသေးတယ် ။ ယ ခင်ကလည်းဟင်္သာကျွန်းမှာသောင်တူးလို့ကမ်းပြိုမှုတွေဖြစ်ပျက်ခဲ့တဲ့အတွက် ခွင့်မပြုခဲ့ဘူး။ ပြည်ထောင်စု ကခွင့်ပြုမိန့်နဲ့တူးနေတယ်လို့သိရတယ် ။ အခုဟင်္သာကျွန်း အနီးမှာ သောင်တူးသင်္ဘောကြီးတွေနဲ့သဲစုပ်ယူ နေတယ် ။ ကမ်းပြိုမှုတွေရှိနေတယ်လို့လယ်ယာ လုပ်ကိုင်နေတဲ့ ဒေသခံလယ်သမားတွေပြောလို့အောက်ခြေထိ ဆင်းကြည့်ဖြစ်တယ်”ဟု ဒေါ်ကြည်ကြည်မြ ကပြောသည်။

သောင်တူးသင်္ဘောလုပ်ကွက်ကြောင့်ဒေသခံရေလုပ်သားများ၏လုပ်ကွက်အချို့လည်းအခက်အခဲဖြစ်နေကြောင်း နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။

“စတားဟိုက်ကုမ္ပဏီအနေနဲ့ ၉ လပိုင်းမှာလုပ်ကွက်လျှောက်ထားစဉ်က မုဒုံံဘက်ခြမ်းပဲတူးမယ် ။ ချောင်းဆုံ ဖက်ခြမ်းမပါဘူးလို့သိထားတယ် ။ ၁၁ လပိုင်းရောက်မှလုပ်ကွက်က ချောင်းဆုံဖက်ပိုင်းမှာလည်းတူးမယ်လို့သိရ တယ်”ဟုချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

သောင်တူးသင်္ဘောများကကမ်းနှင့် မဝေးလှသောနေရာများတွင်တူးဖော်နေ၍ စက်ယန္တရား တုန်ခါမှုများကြောင့် ကမ်းပြိုမှုများတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာကြောင်း ၊ဆက်လက်တူးဖော်နေပါကမိုးကာလ တွင်ယခုထက်ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply