မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လုပ်ငန်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့မြို့ကြီးများ တွင်သာ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်လျက်ရှိနေကြသည်။ သို့သော်ကား တိုင်းရင်းသားဒေသများတွင်မူ မီဒီယာ လုပ်ငန်းကို အလေးအနက် ထား လုပ်ကိုင်သည်မှာ အနည်းငယ်မျှသာရှိသေးသည်။

editor-copy

တိုးတက်လာသော ခေတ်စနစ်တွင် လူထုထံ သတင်းဝန်ဆောင်မှုပေးရသော မီဒီယာလုပ်ငန်းမှာ အရေးကြီး သည့် အခန်းကဏ္ဍ တွင်ပါဝင်နေသောကြောင့် နိုင်ငံ ၏ စတုတ္ထမဏ္ဍိုင် ဟုခေါ်ဆိုကြသည်။ မွန်ပြည်နယ်တွင် ထိုလိုအပ်ချက် ကို ဖြည့်ဆည်းရန် ကျွန်တော်တို့ ဟင်္သာမီဒီယာကား ပေါ်ပေါက်လာပြီဖြစ်သည်။

ကျွန်တော်တို့ မီဒီယာ အနေနှင့် မွန်ပြည်နယ် အတွင်းမှ ပြည်သူလူထု သတင်းစကားကို ပြည်ထောင်စုအစိုးရ ဆီသို့လည်းကောင်း ပြည်ထောင်စု၏ သတင်းစကားကို ပြည်နယ်သူ ပြည်နယ်သားများ ထံသို့ လည်းကောင်း ဆောင်ကျဉ်းပေးရာတွင် ကြားခံဖြန့်ဖြူးပေးမည့် ဝန်ဆောင်မှုကို ပေးအပ်သွားရန်ရည်ရွယ် ပါသည်။

ပြည်နယ်သူ၊ ပြည်နယ်သားများ ၏ သတင်းအချက်အလက် သိရှိ ရမှုမှတစ်ဆင့် နိုင်ငံရေး စီးပွားရေး လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီးတို့ ၌ အထောက်အကူပြုမည့် ဆုံးဖြတ်ချက်များ ချနိုင်ရန် လိုအပ်သော သတင်း အချက်လက်သိရှိ လိုမှုကို ဖြည့်ဆည်းပေးရန် ဟင်္သာမီဒီယာ က ဆောင်ရွက် မည်ဖြစ်ကြောင်း ကတိသစ္စာ ပြုပါသည်။

ထို့အပြင် ပြည်နယ် အတွင်း နေထိုင်သော တိုင်းရင်းသား လူမျိုးပေါင်းစုံ ၏ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့၊ ထုံးတမ်းအစဉ်အလာများ နှင့် တိမ်မြှူပ်ပျောက်ကွယ်နေသော တိုင်းရင်းသား ဝိသေသလက္ခဏာထူးများ ကို လည်း လှစ်ဟ ဖော်ထုတ်သွားနိုင် ရန် ကြိုးပမ်းသွားမည် ဟုလည်း ထပ်လောင်းကတိပြုပါသည်။

ထို့ သတင်းအချက် အလက်များ နှင့် အများပြည်သူ သတင်းသိရှိလိုမှု ကို မီဒီယာကျင့်ဝတ်နှင့် အညီဖော်ပြ နိုင်ရန် ကျင့်ကြံဆောင်ရွက်မည့် ကျွန်တော်တို့ ဟင်္သာမီဒီယာ ကို ယနေ့ မှစ၍ လူထုထံ အပ်နှံလိုက်ပါသည်။

အယ်ဒီတာ(၁၈.၃.၂၀၁၆)

Leave a Reply