Advertisements

မော်လမြိုင် ၊ ဇူလိုင်

မွန်ပြည်နယ်အတွင်းရှိMobile Handset နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအနေနှင့်ကုန်ပစ္စည်းများရောင်းချရာတွင် အခွန်အမှတ်တံဆိပ် ပြေစာတွင် မကပ်ဘဲ MobileHandset နှင့် ဆက်စပ်ပစ္စည်း များတွင် ကပ်နှိပ်ရောင်းချရန် ပြောင်းလဲညွန်ကြားထားကြောင်း မော်လမြိုင်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

Mobile Handset နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူသူများအနေနှင့် ကုန်သွယ်ခွန်ငါးရာခိုင်နှုန်းပေးဆောင်ရ မည်ဖြစ်ကြောင်း သတ်မှတ်ထားပြီးယခင်က ပြေစာ (ဘောက်ချာ)တွင်သာ အခွန်အမှတ်တံဆိပ်များကပ်ခိုင်းခဲ့သော်လည်းယခုလမှစတင်ကာ ကုန်ပစ္စည်းတွင်အခွန် အမှတ်တံဆိပ်ကပ်ရန် ညွန်ကြား ထား ခြင်း ဖြစ်သည်။

“အခွန်အမှတ်တံဆိပ်ကို ဖုန်းလုပ်ငန်းမှာတင်မဟုတ်ဘဲ အခြားလုပ်ငန်းတွေမှာလဲ ၅ ရာခိုင်နှုန်းစီကောက်ခံလျက်ရှိတယ်၊ အခွန်အမျိုးအစားအသစ်ကောက်ခံတာမဟုတ်တဲ့အတွက်စာသုံးသူနဲ့ လုပ်ငန်းရှင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်
ငွေတိုးတတ်လာနိုင်တယ်”ဟု မော်လမြိုင်မြို့နယ် ပြည်တွင်းအခွန် ဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးကိုကဆိုသည်။

Mobile ဖုန်းဆိုင်များမှ လိုက်နာမှုမရှိပါက ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁(င) နှင့် ၂၁ (စ) ဖြင့်အရေးယူ ဆောင််ရွတ်ပြီး ဒဏ်ငွေ ၂သိန်းမှ ၁ဝသိန်းအထိ ပေးဆောင်ရမည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

ဇွန်လ ၁ ရက်နေ့မှစ၍ ဖုန်းဝယ်ယူသည့် တန်ဖိုး၏ ၅ရာခိုင်နှုန်းကိုကုန်သွယ်ခွန်အဖြစ်ပေးဆောင်ရန်စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ Mobileလုပ်ငန်းရှင်အသင်းမှ တောင်းဆိုချက်အရ ဝယ်ယူသည့်ပစ္စည်းပေါ်တွင် ကပ်နှိပ်ရန်ပြောင်းလဲခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်လည်း Mobile Handset နှင့် ဆက်စပ်ပစ္စည်းများတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် Handset နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသူများကို အသိပေးသည့်ဆွေးနွေးပွဲတစ်ရပ် ကို ဇူလိုင်လ ၁၇ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း ဘီလင်းမြို့နယ် အခွန်ဦးစီးဌာန ထံမှသိရှိရသည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Advertisements
<

Leave a Reply