မကြာခင်မှာပြုလုပ်မယ့် ဟီလာရီကလင်တန်ရဲ့ စာအုပ်လက် မှတ်ထိုးပွဲမှာ ဟီလာရီကလင်တန်ရဲ့ဆံပင်ကို ရအောင်ယူနိုင်ရင် ဒေါ် လာငါးထောင်ပေးမယ်လို့ ဆေးကုမ္ပဏီစီအီးအိုဟောင်း မာတင်ရှကရီ လီက ဖေ့စ်ဘုတ်မှာ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် အဲဒီဆံပင်ဟာ သူ့ဆီမှာရှိတာနဲ့ ကိုက်ညီဖို့တော့ လိုတယ်လို့ ဆိုပါတယ်။

‘ကလင်တန်ဖောင်ဒေးရှင်းက လျှို့ဝှက်ချက်ကို ထိန်းဖို့ဆိုရင် လူ သတ်ဖို့တောင် ဝန်မလေးဘူး’လို့ သူက ဖေ့စ်ဘုတ်မှာ ရေးခဲ့ပါတယ်။
‘ဒီတော့ စာအုပ်လက်မှတ်ထိုးပွဲမှာ သူ့ဆီက ဆံပင်တစ်ချောင်း ရအောင်ယူခဲ့။ ကျွန်တော်ဆီမှာရှိတာနဲ့တိုက်ကြည့်မယ်။ ကိုက်ညီမှုရှိ တယ်ဆိုရင် ဆံပင်တစ်ချောင်းကို ဒေါ်လာ ငါးထောင်ပေးမယ်။ ကံ ကောင်းကြပါစေ’လို့ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပို့စ်ဟာ ၂၀၁၆ ရွေးကောက်ပွဲကာလက အဖြစ်အပျက်တွေ ကို ရေးထားတဲ့ ‘What Happened’ ဆိုတဲ့ စာအုပ်အသစ် လက်မှတ်ထိုးပွဲမတိုင်ခင်မှာ ဟီလာရီကို ပစ်မှတ်ထား တိုက်ခိုက်လိုတဲ့ သဘောဆောင်နေပါတယ်။ သမ္မတရွေးပွဲဝင်ဖူးသူတစ်ယောက်ဆီက နေ ဆံပင်ဆွဲနှုတ်ဖို့ ကြိုးစားတာဟာ ဟီလာရီကလင်တန်ကို စော် ကားမော်ကားလုပ်တာမျိုးအဖြစ် မြင်နိုင်ပါတယ်။

ဟီလာရီကလင်တန်ရဲ့ စာအုပ်ဟာ အင်္ဂါနေ့မှာ ထွက်ရှိတာဖြစ်ပြီး ဟီလာရီဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဝါရှင်တန်က ဝါနာက ဇာတ်ရုံမှာ လက်မှတ်ထိုးမယ်လို့ သိရပါတယ်။

မာတင်ရှကီလီဟာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ငွေတွေ လိမ် လည်ရယူမှုသုံးခုနဲ့ အပြစ်ရှိကြောင်း အမိန့်ချခံထားရပြီး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ကိန်းရှိနေပါတယ်။ သူကတော့ အဲဒီအမိန့်ကို အယူခံဝင်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

ရှကရီလီဟာ AIDS နဲ့ ကင်ဆာဝေဒနာရှင်တွေ အဓိက အသုံး ပြုရတဲ့ ဆေးတွေရဲ့ဈေးကို တအားမြှင့်လိုက်တဲ့အတွက် နာမည်ဆိုး ထွက်ခဲ့သူဖြစ်ပါတယ်။

Source: The Hill

Leave a Reply