Advertisements

လူပျိုဘ၀ နောက်ဆုံးနေ့ကဲ ရင်း အရက်မူးမူးနဲ့ဟူးဗားဆည်ကို ဖြတ်ကူးခဲ့တဲ့ မြောက်ဝေးလ်ပြည် နယ်က အမျိုးသားတစ်ဦးဟာ ဒေါ် လာ ၃၃၀ ဒဏ်ရိုက်ခံလိုက်ရပါ တယ်။ ဒါပေမယ့်သူကတော့ ဟူး ဗားဆည်ကို အသက်ရှင်လျက်နဲ့ ပထမဆုံး ကူးဖြတ်နိုင်ခဲ့သူဖြစ်အ ဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ကားကြီးမောင်းသမား အ သက် ၂၈ နှစ်အရွယ် အာရွန်ဟူးစ် ဟာ နဗန်ဒါမှာ ၃၇ နာရီကြာ ပါတီလုပ်ခဲ့ပြီး နောက်ဆုံးမှာ ရေ ထဲကိုခုန်ချပြီး ကူးခဲ့တာပါ။

‘အပြင်မှာ ၄၅၊ ၅၀ ဒီဂရီ လောက်ရှိနေပါတယ်။ ကျွန်တော် တို့ကဗီးဂတ်မှာ လူပျိုဘဝနောက် ဆုံးအဖြစ် ကဲနေတာ။ ဗီးဂတ်ကို အပျော်သွားခဲ့တာ။ ကျွန်တော်တို့ အဲဒီမှာ မတ်တပ်ရပ်နေတာ။ အဲဒီ မှာ ကျွန်တော်တွေးမိလိုက်တယ်။ ငါရေကူးမယ်ကွာလို့’ လို့ သူက ပြောပါတယ်။

နဗန်ဒါပြည်နယ်နဲ့ အရိဇိုးနား ပြည်နယ် အစပ်က ကောလိုရာဒို မြစ်ကို သူဖြတ်ကူးတော့ သူ့သူငယ် ချင်းတွေက လက်ခုပ်တီးပြီး မြှောက်ပေးခဲ့ကြတယ်လို့ မစ္စတာ ဟူးက ပြောပါတယ်။

သူဟာ မိနစ်သုံးဆယ် လောက်ကူးခဲ့ရတာဖြစ်ပြီး တစ် ဝက်လောက်ရောက်တော့ ခြေ ကုန်လက်ပမ်း ကျသွားခဲ့ပေမယ့် ရေစီးကသူ့ကို ဆည်ထဲကိုဆွဲခေါ် နေတဲ့အတွက် မဖြစ်ဖြစ်အောင်ကူး ခဲ့ရတယ်လို့ သူကဆိုပါတယ်။

‘ကျွန်တော့်ကို နံရံဆီကိုစုပ် ယူနေတယ်။ ကျွန်တော်ကလည်း ခြေကုန်လက်ပန်းကျနေပြီး အဲဒီ အချိန်မှာ ရဲတွေကလှမ်းအော်တာ ကိုကြားရတယ်’လို့ သူကပြောပါ တယ်။

ပေပေါင်း ၇၂၆ ပေအရှည် ရှိတဲ့ဆည်ကြီးရဲ့ ရှေ့ကဖြတ်ပြီး သူ ဟိုဘက်ကမ်းရောက်အောင် ကူး နိုင်ပြီးတဲ့နောက်မှာ ရဲတွေကသူ့ကို ဖမ်းဆီး လက်ထိပ်ခတ်ခဲ့ပါတယ်။ ပြီးတော့ ဆည်ရဲ့ရေထုတ်ပြွန်နဲ့ ဆည်ရဲ့ အဆောက်အအုံနားမှာ ခုန်ချရေကူးမှုနဲ့ ဒေါ်လာ ၃၃၀ ဒဏ်ရိုက်လိုက်ပါတယ်။

‘ရဲအရာရှိ တစ်ယောက်က ပြောတယ်။ ‘ငါ့တစ်သက် ဒီလိုလုပ် တဲ့လူတစ်ခါမှ မတွေ့ဖူးဘူးတဲ့’ လို့ သူက ပြောပါတယ်။ ဒါပေမယ့် သူ ဒီလိုခုန်ချတာ အရက်မူးနေလို့ လုပ်မိတာလို့လည်း သူကဝန်ခံ ပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီဆည်မှာ လူပေါင်း ၂၅၇ ယောက် သေဆုံးခဲ့ဖူးပါတယ်။

‘ကျွန်တော် နောင်တမရပါ ဘူး။ ‘နောင်တဆိုတာ မရှိ’ လို့ တောင် တက်တူးထိုးထားသေး။ ကျွန်တော်က အဲဒီလိုလူမျိုးဗျ’ လို့ BBC ကိုသူက ပြောပါတယ်။

Source: Independent

Advertisements
<

Leave a Reply