Advertisements

ဟောင်ကောင်

တရုတ်ပြည်မကြီး ၏ လွမ်းမိုးမှုကို ဆန့်ကျင်မှုများ အရှိန်ကောင်းလာသော ဟောင်ကောင် ဆန္ဒပြပွဲများတွင် မျက်နှာဖုံး တပ် ဆန္ဒပြခြင်းကိုတားမြစ်ကြောင်း အောက်တို ဘာလ ၄ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်မှာ အောက်တိုဘာလ ၅ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ပြီး ယင်းအမိန့်ကို ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေမှာ ပြည်သူများအတွက် အလွန်အမင်းစိုးရိမ်စရာ ဖြစ်လာသောကြောင့် အရေးပေါ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း Carrie Lam ကပြောသည်။

အဆိုပါ ဥပဒေသစ်ကြောင့် မျက်နှာဖုံးစွပ် အကြမ်းဖက်ဆန္ဒပြသူများ နှင့် နှောင့်ယှ့်ဖျက်ဆီး သူများ ကို ဥပဒေ အတိုင်း အရေးယူရန် အထောက်အကးဖြစ်မည်ဖြစ်ကြောင်း ၎င်း က ထပ်လောင်း ပြောဆိုသည်။

အများပြည်သူအကျိုး စီးပွား ကို ကာကွယ်ဖို့ လိုအပ်သည့် အတွက် ယင်းကဲ့သို့ အရေးပေါ်ဥပဒေ ကျင့်သုံးရန် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း Carrie Lam က ရှင်းပြသည်။

ဟောင်မြို့ ပေါ်ရှိ လမ်းမများပေါ်တွင် ဆန္ဒပြနေသူများကလည်း အဆိုပါ ကြေညာ ချက်ထွက်ရှိ လာပြီး နောက်ပိုင်း တွင် မျက်နှာဖုံး တပ်ဆင်ဆန္ဒပြပြီး အစိုးရ အမိန့်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ထိုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းသည် အဓိပ္ပာယ်မဲ့သည့် လုပ်ရပ် တစ်ခုသာဖြစ်ကြောင်း ဆန္ဒပြသူများ က တုန့်ပြန် ပြောဆိုနေကြသည်။

ကုလသမဂ ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဟောင်ကောင်အစိုးရအနေနှင့် ဆန္ဒပြပွဲများ ကို ဥပဒေ နှင့် အညီထိန်းသိမ်းရန်လိုအပ်သလို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို မထိခိုက်ဖို့ လည်း အရေးကြီး ကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့တုန်းကလည်း ရဲဝန်ထမ်းတစ်ဦးကို သံပိုက်ဖြင့်ရိုက် နှက်ခဲ့သော ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ က သေဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

Ref ; CNN, BBC

Advertisements
<

Leave a Reply