ပေကျင်း ဇွန် ၃

တရုတ်နိုင်ငံရှိ ဟွာဝေးဌာနချုပ်မှ အမေရိကန်နိုင်ငံသား ဝန်ထမ်းတွေကို အလုပ်က ရပ်စဲလိုက်တယ်လို့ ဇွန်လ ၁ရက်နေ့က ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဟွာဝေးကုမ္ပဏီက သူတို့ဝန်ထမ်းတွေကို အမေရိကန်နိုင်ငံသားတွေနဲ့ စက်မှုနည်းပညာဆိုင်ရာ အစည်းအဝေးတွေကျင်းပဖို့ စီစဉ်ထားတာတွေကို ဖျက်သိမ်းပြီး အဆက်အသွယ်ဖြတ်တောက်ကြဖို့ ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

ဂွမ်ဒေါင်းပြည်နယ် ရှန်ဂျမ်းမြို့ မှာရှိတဲ့ ဟွာဝေးကုမ္ပဏီ ဌာနချုပ်မှာ အမေရိကန်နိုင်ငံသားတွေ အများအပြားလုပ်ကိုင်နေကြပြီး အမေရိကန်ဘက်က ဟွာဝေးကုန်ပစ္စည်းတွေကို ရုတ်တရက်ပိတ်ပင်လိုက်တာကြောင့် အခုလို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဝန်ထမ်းတွေကို အလုပ်ကနေ ရပ်စဲပြီးတာနဲ့ အမေရိကန်ကို ချက်ခြင်း ပြန်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြားကုန်သွယ်ရေး တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက် ကတည်းက ဖြစ်ပေါ်ခဲ့တာပါ။

အပြန်အလှန် အခွန်တိုးမြှင့်မှုတွေရှိခဲ့ပြီး တရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဟွာဝေးကိုလည်း အနောက်နိုင်ငံတွေဘက်မှာအသုံးမပြုဖို့ ပိတ်ပင်ခဲ့ပါတယ်။

အဲဒီနော်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟွာဝေးကို လုံးဝပိတ်ပင်လိုက်ပြီး စပိုင်ကုမ္ပဏီတွေ ကိုသတိထားဖို့ လူထုကို မိန့်ခွန်းပြောအပြီးမှာတော့ ဟွာဝေးကုမ္ပဏီကို အမေရိကန်အခြေစိုက် Google ကုမ္ပဏီအပါအဝင် နည်းပညာကုမ္ပဏီတွေက လက်တွဲဖြုတ်ခဲ့ပါတယ်။

Ref: NHK

Leave a Reply