နယူးယောက် မေ ၂၇

ကမ္ဘာကျော် လူမှုကွန်ယက် ကုမ္ပဏီ Facebook ဟာ သုံးလအတွင်းမှာ အကောင့်အတုပေါင်း ၂ ဒသမ၂ဘီလီယံ (သန်းပေါင်း၂၂၀၀ကျော်) ကိုဖျက်သိမ်းလိုက်တယ်လို့ ကြေညာပါတယ်။

ယခုလို ဖျက်သိမ်းလိုက်တဲ့ ပမာဏဟာ တစ်လအတွင်း အသစ်ဖွင့်တဲ့ အရေအတွက်နဲ့ယှဉ်ရင် မပြောပလောက်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာ တစ်လလျှင် အကောင့် ၂ ဒသမ ၃၈ ဘီလီယံ ဖွင့်ကြတယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

အခုဖယ်ရှားလိုက်တဲ့အကောင့်အတုတွေအများစုဟာ အချက်အလက်မခိုင်လုံတာနဲ့ အသုံးမပြုဘဲ ကြာနေတာတွေ များတယ်လို့ သိရပါတယ်။

ဖေ့စ်ဘွတ်ခ်ကနေ ၂၀၁၇ ခုနှစ်က ထုတ်ခဲ့တဲ့ စာရင်းအရ အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း ကမ္ဘာနဲ့အဝှမ်းမှာ အသုံးပြုသူ ၁ဒသမ၂ဘီလီယံမှာ ၆၉၄ သန်းလောက်ဟာ အတုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ အသုံးပြုသူတွေအရေအတွက်နဲ့ဆိုင်တဲ့ ထုတ်ပြန်ချက်တွေကို ၂နှစ်လျှင် တစ်ကြိမ် ထုတ်ပြန်လေ့ရှိတာကြောင့် ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထုတ်နိုင်ဖွယ်ရှိပြီး အသုံးပြုသူ ဦးရေ ၂၀၁၇ ကထက် သုံးဆနီးပါး များနေနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ အခြား လူမှုကွန်ယက်တွေဖြစ်တဲ့ အင်စတာဂရမ်နဲ့ whatapps တို့ကိုလည်း ပိုင်ဆိုင်ထားပေမဲ့ အဲ့ဒီဘက် လူမှုကွန်ယက်တွေမှာ အကောင့်တွေဖျက်သိမ်းတာမျိုး လုပ်လေ့မရှိဘူးလို့ သိရပါတယ်။

Instagram နဲ့ whatappsက ဓါတ်ပုံနဲ့ သီးသန့် ဆက်သွယ်ပြောဆိုဖို့အတွက်ပဲ သုံးတာကြောင့် အကောင့်တုတွေ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

အကောင့်အတုတွေ၊ အမုန်းတရားတွေကို ဖြန့်ဝေတဲ့အကောင့်တွေကို ဖယ်ရှားလိုက်တာဟာ ပိုမိုကောင်းမွန်တဲ့ လူမှုကွန်ယက် နေရာအဖြစ် ပြုလုပ်ရာရောက်ပြီး နိုင်ငံအသီးသီးက အစိုးရတွေကိုလည်း အကျိုးပြုရာရောက်တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ စီအီးအို မက်ခ်ဇူကာဘတ်က ပြောပါတယ်။

ကုမ္ပဏီဘက်က ထုတ်ပြန်ချက်အရ ပို့စ်ပေါင်း ၁သောင်းမှာ ၂၅ခု ဟာ အမုန်းစကားဖြန့်ဝေမှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်လို့ သုတေသနအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဖျက်သိမ်းလိုက်တဲ့အကောင့်တွေရဲ့ ၈၃ရာခိုင်နှုန်းကိုတော့ facebook team သုတေသနအဖွဲ့ကနေ စိစစ်ဖယ်ရှားခဲ့ပြီး ကျန်ရာခိုင်နှုန်းကိုတော့ အခြားအသုံးပြုသူတွေရဲ့ report လုပ်ရာကတစ်ဆင့်သိရှိဖယ်ရှားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: CNN

Leave a Reply