Advertisements

(အစာလည်း ဆေး၊ ဆေးလည်း အစာ)

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ ဒီကနေ့ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်မှာချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် လူကြိုက်လည်းများ၊ရာသီလည်းကိုက်ညီပြီး ၊သောက်သုံးရန်အထူးသင့်လျော်တဲ့ ကြံရည်အကြောင်းပဲဖြစ်ပါတယ်။

ကြံပင်ဟာ မြက်မျိုးနွယ်ဝင် အဆစ်တွေပါတဲ့ အပင်တစ်မျိုးဖြစ်ပြီး၊ အမြင့်ကတော့ လူတစ်ရပ်စာလောက်မြင့်ပါတယ်။ကြံပင်က ရတဲ့ သဘာဝအရည်ဟာ စွမ်းအင်မြင့်မားတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ကြံရိုးမှာ Glycemic Index နည်းတဲ့အတွက် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါတဲ့အတွက် ဆီးချိုရောဂါရှိသူတွေပါ ချင့်ချိန်သောက်သုံးလို့ရပါတယ်။ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေကာ စွမ်းအင်လိုအပ်တဲ့နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သိုလှောင်ထားပါတယ်။အဲလိုဂလူးကို့စ်ဓာတ်ပါဝင်တာကြောင့် ရေငတ်ပြေစေပြီး၊လန်ဆန်းစေမှာဖြစ်ပါတယ်။အပူရှပ်ဝေဒနာခံစားခဲ့ရင် ကြံရည်ကို ရေခဲမထည့်ဘဲသောက်ပေးလိုက်ပါ။ ခံတွင်းအနံ့ဆိုးကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊အအေးမိတာနဲ့တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ပြီးတော့ သူဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတဲ့အတွက် ကင်ဆာ၊ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကြံရည်မှာဗီတာမင်ဘီ၊ ဗီတာမင်စီ၊သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျောက်ကပ်၊အသည်း၊နှလုံးနဲ့ အစာအိမ်တို့ကို အထူးကောင်းမွန်စေပါတယ်။ကြံရည်ဟာ အစာအိမ်၊ကျောက်ကပ်၊နှလုံး၊မျက်စိ၊ဦးနှောက်နဲ့ လိင်အင်္ဂါတွေကို သန်စွမ်းစေတယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။သံဓာတ်နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးအားနည်းသူအတွက်လည်း အထူူးသင့်လျော်ပါတယ်။

ပိုတက်ဆီယမ် ပါလို့လည်း ဝမ်းကိုမှန်စေပြီး အစာအိမ်အတွက် အထူးကောင်းမွန်စေပါတယ်။ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါတယ်။ကိုယ်လက်လှုပ်ရှားမှုကြာကြာလုပ်ခဲ့ရင် ဒါမှမဟုတ် ရာသီဥတု ပူပြင်းတဲ့ဒဏ်ခံရရင် ကြံရည်ကိုသောက်သုံးပေးသင့်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့်လည်း ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင်ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အထူးသဖြင့် အားကစားသမားတွေအတွက် သက်လုံကောင်းစေပါတယ်။ ညောင်းကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကိုလည်း ကြံရည်သောက်ပေးခြင်းနဲ့ဖြေရှင်းနိုင်ပါတယ်။

ပူပြင်းတဲ့နွေရာသီအတွင်းမှာ ရောဂါကူးစက်မှုတွေမဖြစ်ရလေအောင် အနည်းဆုံးတစ်ပတ်ကို ကြံရည် ၃ ကြိမ်သောက်သုံးပေးသင့်တယ်။ကြံရည်ရဲ့ကောင်းမွန်တဲ့ ဘက်တီးရီးယားတိုက်ဖျက်မှုအစွမ်းသတ္တိကြောင့် ရောဂါကူးစက်မှုကိုကင်းဝေးစေမှာဖြစ်ပါတယ်။ ကြံရည်မှာ calcium၊ magnesium၊ potassium၊ iron နဲ့ manganese တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်လည်း ချွေးကတစ်ဆင့် ဆုံးရှုံးသွားတဲ့ အီလက်ထရိုလိုက်စ်တွေ ပြန်လည်ဖြည့်တင်းစေနိုင်တဲ့ အကောင်းဆုံးသောက်ဖွယ်ဖြစ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အီလက်ထရိုလိုက်စ်နဲ့ ရေဓာတ်မျှတအောင်လည်း ထိန်းသိမ်းပေးပါတယ်။သူဟာအဆုတ်ကိုကျန်းမာစေသလို ကြံရည်နဲ့ချက်ထားတဲ့ကြံသကာအခဲဟာလည်း ချွဲထ၊ချောင်းဆိုးခြင်းကိုသက်သာစေပါတယ်။

ဒါ့ကြောင့်မို့ အခုလို ပူပြင်းတဲ့နွေရာသီမှာ ကြုံတွေ့ရမယ့် ရေဓာတ်ခန်းခြောက်မှုပြဿနာနဲ့ ကျန်းမာရေးအတွက်လုံးဝလုံးဝကိုအထောက်အကူပြုတဲ့ ကြံရည်ကို ရွေးချယ်စရာဖျော်ရည်တစ်ခုအနေနဲ့ သောက်သုံးပေးသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ဖိုးဝဇီ

Leave a Reply