Advertisements

ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ နေ့စဉ် စားသုံးနေကြတဲ့ ဟင်းအမယ်တွေထဲက လူတိုင်းနဲ့တည့်ပြီး နှစ်ခြိုက်စွာစားသုံးလေ့ရှိကြတဲ့ အာလူးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အာလူးဟာဆိုလာနေစီအီး မျိုးရင်းမှာပါဝင်ပြီး၊ ရုက္ခဗေဒလို ဆိုလေနမ်ကျူဗာရိုဆမ်လို့ခေါ်ပါတယ်။ အာလူး မှာ မျိုးကွဲပေါင်းများစွာရှိကာ စားလို့ရတဲ့အာလူးအမျိုးအစားကတော့ တစ်ရာ ကျော်ရှိပါတယ်။ အလွယ်စား လို့ရတဲ့ Fast Food အနေနဲ့လည်း သတ်မှတ်ကြပါတယ်။ အာလူးဟာ ရာသီ ဥတုအေးတဲ့ အရပ်ဒေသမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးကြပါတယ်။ အာလူးကြော်ဟာ မြန်မာသာမက ကမ္ဘာတစ်ဝှမ်းမှာ အစားအများဆုံးအစာပါ။ သူ့မှာ Vitamin B3, Vitamin B6, Vitamin C, Potassium, Copper, Manganese, Phosphorus, Fiber, Pantothenic Acid တို့ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုပါတယ်။ဘာတွေအထောက်အကူပြုသလဲဆိုတာ ကြည့်ကြရအောင်ပါ။

အာလူးမှာ ဗီတာမင် အေ နဲ့ စီ မြင့်မားစွာ ပါဝင်တဲ့အတွက် ကင်ဆာရဲ့ဆိုးကျိုးသက်ရောက်မှုကိုများစွာ ကာကွယ်ပေးပါတယ်။ အာလူးဟာခန္တာကိုယ်ကြံံ့ခိုင်မှုကို အထူးအထောက်အကူပြုတဲ့အတွက် ကိုယ်အလေးချိန်အားနည်းနေသူများ စားသုံးသင့်ပါတယ်။ အာလူးမှာ နောက်ထပ် ဗီတာမင် စီ နဲ့ ဘီ ရောနှောပါဝင်တဲ့အတွက် ကာဗွန်ဟိုက်ဒရိုတ်စုပ်ယူမှုမှာ အလွန် အထောက်အကူဖြစ်စေတာကြောင့် အားနည်းနေတဲ့နလန်ထစတွေ၊အားကစားသမားတွေအတွက် ကိုယ်အလေးချိန်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ဒါ့အပြင် အာလူးမှာပါတဲ့ ကယ်လစီယမ်၊မဂ္ဂနီစီယမ် တို့ဟာ အကြောရောင်၊အဆစ်အမြစ်ရောင် နဲ့ဒူလာရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့အတွက် အဲဒီဝေဒနာရှင်တွေစားသုံးပေးသင့်ပါတယ်။ ပြီးတော့ အာလူး စားရင် Cell အသစ်တွေပြန်လည်ဖြစ်ပေါ်စေပြီး သွေးတိုး ရောဂါကို ကာကွယ်နိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြော စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။နှလုံးကျန်းမာရေးအတွက် အာလူးဟာ သက်တော်စောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားသန်မာစေတဲ့ အစာအုပ်စုထဲမှာ ပါတဲ့အတွက် ကျုံလှီနေတဲ့သူတွေတိုင်း အာလူးစားပေးသင့်ပါတယ်။ အာလူးထဲက Folate ဟာ ကင်ဆာဆဲလ်တွေကိုတားဆီးပေးပြီး၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။အရိုး ကျန်းမာရေး ကိုလည်း အာလူးက အထောက်အကူပြုပါသေးတယ်။ အာလူးမှာ သံဓာတ်လည်းပါဝင်နေတာကြောင့် ဦးနှောက်ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ဦးနှောက်ပင်ပန်းနွမ်းနယ်မှုတွေကို ကာကွယ်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်မြင့်မားအောင်လည်း အားဖြည့်ပေးပါတယ်။

အာလူး ရဲ့ နောက်ထပ်အစွမ်းသတ္တိတစ်ခုက ကာဗွန်ဟိုက်ဒရိုတ် အများဆုံး ပါဝင်တဲ့အတွက် အစာမာမာတွေ ကိုမစားနိုင်တဲ့ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အစာကြေညက်လွယ်ကူစေပါတယ်။ အာလူးမှာ ဗီတာမင် စီ နဲ့ ဘီ ပေါင်းစပ်ပါဝင်နေမှုဟာ အသားအရေ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အာလူးကိုပါးပါးလှီး ပျားရည်ထဲနှစ်လိုက်ပြီး မျက်နှာမှာ ကပ်ထားရင် ဝက်ခြံနဲ့ အမဲစက်တွေကို ပျောက်ကင်းသက်သာစေမှာပါ။ ပြီးတော့ ကိုယ်ခန္ဓာ အရေပြားလွှာမှာ အပူလောင်တာ ကြုံလာခဲ့ရင်လည်း အာလူးကို ပါးပါးလေးလှီးကပ်ပေးလိုက်ရင် အနာ သက်သာစေသလို အကျက်လည်းမြန်စေပါတယ်။ တံတောင်ဆစ်ဝန်းကျင်ကို နူးညံ့ပြီး သန့်ရှင်းနေချင်တယ်ဆိုရင်တော့ အာလူးနဲ့ပွတ်တိုက်ပေးလိုက်ပါ။ဒါတွေအပြင် အာလူးဟာဆံပင်ကိုသန်မာစေပြီး၊ဆံကေသာပျက်စီးခြင်းမှလည်းကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပြန်ပါတယ်။အာလူးကြက်ဥအနှစ်၊ပျားရည်နဲ့နနွင်းတို့ကိုရောစပ်ပြီး၊ potato hair mask ကို ကိုယ်တိုင်လုပ်ပြီးအသုံးပြုလိုက်ပါ။အဲဒီ (Potato mask)မှာ အစိုဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်ကို အာဟာရဖြစ်စေသာမက ဆံပင်ရဲ့မွေးညင်းပေါက်လေးတွေကို ပြန်လည်အားသစ်လောင်းပေးနိုင်တာကြောင့် ဆံပင် ကျွတ်ခြင်းကို သက်သာလျော့ပါးစေနိုင်ပါတယ်။အာလူးကနေ အာလူးကစီမှုန့် နဲ့ အာလူးမှုန့်များ ပြုလုပ်ကြပါတယ်။
ဒါကြောင့်မို့ ချက်ပြုတ်စားသောက်ဖို့လည်းလွယ်ကူသလို၊ ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့အာလူးကို အမြဲမပြတ်စားသုံးပေးကြပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

Written by ဖိုးဝဇီ

Advertisements
<

Leave a Reply