Advertisements

မနီလာ ၊ အောက်တိုဘာ

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးက အောက်တိုဘာ ၁၂ ရက်နေ့၌ ရုရှားနိုင်ငံအနေဖြင့် ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံ ထံသို့ AK47 သေနတ် အလက် ၅၀၀၀ ၊ကျည်ဆန် ၁ သန်းနှင့် စစ်ဘက်ဆိုင်ရာ သုံးကုန်တင်ကားအစင်း ၂၀ ကို အကြမ်းဖက်မှုနှိမ်နင်းရန်အတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Igor Khovaev က ရုရှားနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ အစိုးရတပ်ဖွဲ့၏ နိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဖြစ်ပွားနေသည့်တိုက်ပွဲကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lorenzana က ရုရှားနိုင်ငံမှ ကူညီထောက်ပံ့သည့် လက်နက်များ သည် ယခုလ ၂၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၂၅ ရက် နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် မေလ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးမှ ရုရှားနိုင်ငံသို့သွားရောက် လည်ပတ်နေစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Malawi တွင် အစိုးရတပ်ဖွဲ့နှင့် ပုန်းခိုနေသည့် အကြမ်းဖက်အဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အဖွဲ့အစည်းက ယင်းမြို့ကို သိမ်းပိုက်လိုက်သည်။

အခင်းဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်နိုင်ငံ သမ္မတက အရေးပေါ် နိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ကာ တိုက်ပွဲဆောင်ရွက်ရန်အတွက် ညွှန်ကြားမှုများပြုလုပ်ပေးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ စစ်ဘက်ဆိုင်ရာ၏ထုတ်ပြန်ချက်အရ တိုက်ပွဲကြောင့် လက်ရှိချိန်တွင် အကြမ်းဖက်သမား ၈၀၀ ကျော် နှင့်အစိုးရတပ်ဖွဲ့ဝင် ၁၆၀ သေဆုံးခဲ့ကြောင်းသိရှိခဲ့ရသည်။

Ref: Bangkok Post

Advertisements
<

Leave a Reply