Advertisements

ရန်ကုန် အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်ရှိအကြမ်းဖက်မှုများ ထိန်းချုပ်နိုင်ရန် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုလိုအပါကြောင်း မြန်မာဒီမိုကရေစီ လူ့အခွင့်အရေးအဖွဲ့(MDHR) မှ ဦးရဲကျော်စွာကပြောသည်။

ယနေ့ ရန်ကုန်မြို့ M3 စားသောက်ဆိုင်တွင်ကျင်းပပြုလုပ်သော ကမာကြီးကို ခြိမ်းခြောက်နေသော အကြမ်းဖက်မှုအန္တရာယ် နှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟောပြောပွဲတွင် ၎င်းကအထက်အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါတွေရှိလာမယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဖြစ်လာတာကို စုံစမ်းဖော်ထုတ်နှိမ်နင်းဖို့ထက် တစ်ဆင့်တက်ပြီးတော့ ကြိုတင်ကာကွယ်တဲ့အဆင့် ထိထိရောက်ရောက် ကြိုတင်ကာကွယ်တဲ့အဆင့်ထိ အောင်မြင်မှုရှိမယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းသည့် ထောက်လှမ်းရေးအဖွဲ့သည်လည်း နိုင်ငံတကာ၏ နည်းပညာအကူအညီများကို ရယူရမည်ဖြစ်ပြီး နိုင်ငံတော် အနေဖြင့်လည်း လုံလောက်သည့် ငွေကြေးများထောက်ပံ့ပေးသင့်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

အဆိုပါဟောပြောပွဲတွင် ၈၈ မျိုဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းဇေယျက “ထောက်လှမ်းရေးဖွဲ့ဖို့လိုအပ်လားဆိုတော့ ထောက်လှမ်းရေးက ရှိကိုရှိရမယ်။ အခုလည်းရှိနေတာပဲ ဒါပေမယ့် ထိရောက်သော ထောက်လှမ်းရေးဖြစ်ဖို့လိုတယ်” ဟု ထောက်ပြပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေးသည် အားကောင်းခဲ့ကြီး ဗိုလ်ချုပ်ကြီးခင်ညွှန့် အရေးယူပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေးအဖွဲ့အား စစ်အစိုးက ဖြုတ်ချပစ်ခဲ့သည်။

Written by – Phyo Wai Soe

Advertisements
<

Leave a Reply