Advertisements

မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ မန်ယူအသင်း က ချဲလ်ဆီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ စိတ်ဓာတ်ခွန်အားတက်ကြွစေဖို့ သူ့ရဲ့ဆံပင်ပုံစံဒီဇိုင်းကို ထပ်မံ ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာအတွက် အဆိုပါ ဆံပင်ပုံစံ ဒီဇိုင်းဟာ မန်ယူအသင်းကိုပြောင်းရွှေ့လာခဲ့ပြီးနောက် မှာ အကြိမ်၂၀ မြောက် ဆံပင်ပုံစံဒီဇိုင်းပြောင်းလဲခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပေါ့ဂ်ဘာက သူ့ဆံပင်ပုံစံ ဒီဇိုင်းမှာပါရှိတဲ့ အခက်အလက်အကွေ့အကောက်တွေဟာ အရန်ခုံမှာထိုင်နေရတဲ့ သူ့အတွက် စိတ်ဓာတ်အင်အားတက်ကြွစေနိုင်ပြီး တစ်ကျော့ပြန် ပွဲထွက်ခွင့် ရရှိလာနိုင်စေဖို့အတွက် အရေးကြီးတဲ့အမှတ်အသား တွေဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ဂျူဗင်တပ် အသင်းမှာကစားခဲ့စဉ်ကတည်းက ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံတဲ့ အနေနဲ့ စိတ်ဓာတ်တက်ကြွအောင် အခုလို ဆံပင်ပုံစံဒီဇိုင်းတွေကို တစ်မျိုးနဲ့တစ်မျိုး မတူညီအောင် ပြောင်းလဲခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းကနေ မန် ယူအသင်းကို ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့ကာမန်ယူအသင်း အတွက် ၁၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဂိုးသွင်းတဲ့အရေ အတွက်ထက် ဆံပင်ဒီဇိုင်း ပြောင်းတဲ့အရေအတွက်က ပိုများနေ တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

Ref: Metro

Advertisements
<

Leave a Reply