Advertisements

မော်လမြိုင် ၊ သြဂုတ် ၃၀

ပြီးခဲ့သည့် ရက်သတ္တပတ် က မော်လမြိုင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေ ဈေးနှုန်းများ အနည်းငယ် ကျဆင်းခဲ့သော်လည်း တစ်ပတ်အတွင်း ၁၂ သိန်း ၅သောင်း ၇ထောင် ခန့် ပြန်လည်မြင့်တက်သွားကြောင်း မော်လမြိုင် မြို့ရှိ ရွှေလုပ်ငန်းရှင်များထံ မှသိရှိရသည်။

ယခင်သြဂုတ်လ ၂၃ ရက်နေ့တွင် အခေါက်ရွှေဈေးတစ်ကျပ်သားကို ၁၂သိန်း ၁သောင်း ၅ထောင် ခန့်သို့ကျဆင်းသွားပြီး ယခု သြဂုတ်လ ၃၀ ရက်နေ့တွင် ကျပ် ၄၀၀၀၀ ခန့်သိသိသားသားမြင့်တက် လာကြောင်းရွှေလုပ်ငန်းအသင်းများကဆိုသည်။

Advertisements
data-language="en"

ရန်ကုန်မြို့ရှိအခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ၁၂သိန်း ၆သောင်း ၅ထောင်ခန့်ရှိပြီး မော်လမြိုင်ရွှေဈေး နှင့်၁၀၀၀၀ ကျပ်နီးပါးကွာကြောင်းစုံစမ်းသိရှိရသည်။

ယခုလတ်တလောကမ္ဘာ့ရွှေဈေးတစ်အောင်စမှာ ၁၅၂၆ ဒေါ်လာခန့်ရှိကြောင်းလဲရွှေလုပ်ငန်းရှင် အသင်းများက ဆိုသည်။

” ကမ္ဘာ့ရွှေဈေးတက်လို့ ဒီမြန်မာနိုင်ငံကရွှေဈေးမတက်ရင် နိုင်ငံခြားကိုထွက်သွားမှာပေါ့ မြန်မာပြည်က ရွှေကုန်သွားမှာပေါ့ အဲ့ကြောင့်မြန်မာပြည်ကရွှေဈေးတွေလိုက်တက်ပေးရတယ်“ဟု ပွင့်စုံသင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ချယ်ရီလွင်က ပြောပါသည်။

ယခုမော်လမြိုင်ရွှေဈေး ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၁၁သိန်း ၇သောင်းကျပ်ခန့်ရှိပြီး ယခင် သြဂုတ်လ ၂၃ ရက်နေ့တွင် ၁၅ ပဲရည်တစ်ကျပ်သား ၁၁သိန်း ၂သောင်း ၈ထောင်ခန့်သာရှိခဲ့ကြောင်းရွှေလုပ်ငန်းရှင် အသင်းများကဆိုသည်။

လဲ့လဲ့ဝင်း

Leave a Reply