Photo by – bloomberg

မော်လမြိုင်၊ ဇွန်၂၁

မော်လမြိုင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၁၁ သိန်း အထိမြင့်တက်သွား ကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်းထံ မှသိရှိရသည်။

ရန်ကုန်မြိုရှိ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သား ၁၁သိန်း ၁သောင်း ၃ထောင်ကျပ် ခန့် ရှိကြောင် ရွှေလုပ်ငန်းရှင် များထံမှသိရသည်။

မော်လမြိုင် ရွှေဈေးကွက်အတွင်း တွင် ၁၅ပဲရည်ရွှေ တစ်ကျပ်သားကို ၁၀သိန်း ၂သောင်းကျပ်၊ ၁၂ပဲရည်ရွှေ တစ်ကျပ်သားကို၈သိန်း ၈သောင်းကျပ်ထိ မြင့်တက်နေကြောင်း ရွှေဆိုင်များ ထံမှစုံစမ်းသိရှိရ သည်။

ကမ္ဘာရွှေဈေး မြင့်တတ်လာမှုကြောင့် မြန်မာ့ရွှေဈေး တဖြေးဖြေးမြင့်တက်လာခြင်း ဖြစ်ကြောင်းရွှေ ကုန်သည်များ ကဆိုသည်။ လတ်တလော ကမ္ဘာရွှေဈေးမှာ ၁အောင်စ ကို ၁၄၀၆ ဒေါ်လာ ခန့်ရှိ ကြောင်းရွှေလုပ်ငန်းရင်များထံမှသိရသည်။

မေလ၂၄ရက်နေ့တွင် မော်လမြိုင်မြို့ ၌ အခေါက်ရွှေတစ်ကျပ်သားဈေးမှာ ၁၀သိန်း ၄သောင်း ခန့်သာရှိခဲ့ ပြီးယခု ဇွန်လ၂၁ရက်နေ့တွ င်ကျပ်ခြောက်သောင်း နီးပါးထိ ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply