မော်လမြိုင် ၊ သြဂုတ် ၃

မော်လမြိုင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းမှာ ငွေကျပ်ဆယ့်တစ်သိန်းလေးသောင်း နှစ်ထောင် ကျပ်ထိ မြင့်တက်သွားကြောင်း ရွှေလုပ်ငန်းရှင်အသင်းများထံမှသိရှိရသည်။

ယခင်သြဂုတ်လ ၁ ရက်နေ့တွင် အခေါက်ရွှေဈေးတစ်ကျပ်သားကို ငွေကျပ် ၁၁သိန်း ၃သောင်း ၈ထောင်သို့ကျဆင်းသွားသော်လည်း ယခုသြဂုတ်လ ၂ရက်နေ့တွင် ၄ထောင်ခန့်ပြန်လည်မြင့် တက်သွားကြောင်း ရွှေဈေးကွက်အတွင်း မှ စုံစမ်းသိရသည်။
ရန်ကုန်မြို့ရှိအခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁သိန်း ၄သောင်း ၉ထောင် ခန့်ရှိပြီး မောင်လမြိုင်ရွှေေ ဈးနှင့်၁၀၀၀၀ ကျပ်နီးပါးကွာကြောင်းစုံစမ်းသိရှိရသည်။

ယခုလတ်တလောကမ္ဘာ့ရွှေဈေးတစ်အောင်စမှာ ၁၄၃၂ဒေါ်လာခန့်ရှိကြောင်းရွှေလုပ်ငန်းရှင်များကဆိုသည်။

ယခုမော်လမြိုင်ရွှေဈေးကွက်အတွင်းတွင် ၁၅ ပဲရည်ရွှေတစ်ကျပ်သား ၁၀သိန်း ၇သောင်း ၅ထောင်ကျပ်၊ ၁၂ပဲရည် ရွှေတစ်ကျပ်သား ၈သိန်း ၅သောင်း ၇ထောင် ကျပ်ခန့်ရှိကြောင်းစုံစမ်းသိရှိရသည်။

ရွှေဈေးအတက်အကျအားလုံးကလည်းကမ္ဘာ့ရွှေဈေးပြောင်းလဲမှုအပေါ်မှာမူတည်သည်ဟုလဲရွှေဆိုင်ပိုင်ရှင်များကဆိုသည်။

လဲ့လဲ့ဝင်း

Leave a Reply