မော်လမြိုင် ၊ ဖေဖော်ဝါရီိ ၁၃ ။ ။မော်လမြိုင် ရွှေစျေးကွက် အတွင်း အခေါက်ရွှေတစ်ကျပ်သား ကို ကျပ်ငွေ နှစ် သောင်း အထိ မြင့်တက် သွားကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်း ရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးလှိုင်မင်းဦးက င်္ဟသာမီဒီယာ သို့ပြောသည်။

Gold-
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ရ၇၅၀၀၀ ကျပ်မှ ဖေဖော်ဝါရီလ ၁၃ရက် နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင်မူ တစ်ကျပ်သားလျှင် ရ၉၂၀၀၀ ကျပ် အထိ မြင့် တက်လာကြောင်း ရွှေမင်း သား ရွှေရောင်းဝယ်ရေး လုပ်ငန်း ထံမှသိရသည်။

“တစ်ပတ်အတွင်းကို နှစ်သောင်း အထိ ရွှေစျေးတက်လာတာ၊ အစပိုင်းက ရသိန်းရသောင်း ၀န်းကျင်မှာ ပဲ တစ်ဖြည်းဖြည်း ချင်းတက်နေတာ၊ ဒီနေ့မှာ သိသိသာတက်လာတယ်၊ ကမ္ဘာ့ ရွှေစျေးတက်နေလို့ ရွှေစျေး တက်နေတာပါ ၊ နောက် ဆက်တက် ဖို့ရှိတယ်၊ရန်ကုန်စျေးနဲ့ မော်လမြိုင်စျေးက နည်းနည်းလေး ကွာတယ်”ဟု ဦးမင်းလှိုင်ကပြောသည်။

ကမ္ဘာရွှေစျေးနှုန်းမှာလည်း ဖေဖော်ဝါရီလ ၁၂ရက်နေ့က အခေါက်ရွှေ တစ်အောင်စ လျှင် အမေရိကန် ဒေါ်လာ ၁၂၃၀ မှ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်မူ တစ်အောင်စလျှင် ၁၂၃၇ ဒေါ်လာ အထိ မြင့်တက်သွားကြောင်း မော်လမြိုင်မြို့ ရွှေစျေးကွက်အတွင်းမှ သိရသည်။

Leave a Reply