မော်လမြိုင်၊ မေ

လာမည့်ဇွန်လတွင် အခြေခံပညာကျောင်းများ ဖွင့်မည်ဖြစ်ရာ၊ကြိုတင် သင်ကြားလိုသောမိဘများ၏ ဝယ်ယူမှုကြောင့်၊ကျောင်းဖွင့်ချိန်အမီဖြန့်ချိလေ့ရှိသော ကျောင်းသုံးစာအုပ်များဈေးနှုန်းပြောင်းလဲမှုရှိကြောင်း မော်လမြိုင်မြို့ရှိ စာရေးကိရိယာအရောင်းဆိုင်များမှသိရသည်။

စာအုပ်ဈေးနှုန်းများမှာ ကေဂျီကျပ်-၃၀၀၀၊အဆင့်၁-၄၅၀၀ကျပ်၊အဆင့်-၂- ၄၅၀၀ကျပ်၊အဆင့်-၃-၅၀၀၀ကျပ်၊ အဆင့်၄-၂၅၀၀ကျပ်၊အဆင့်၅-၃၀၀၀ကျပ်၊အဆင့်၆-၃၅၀၀ကျပ်၊အဆင့်၇-၃၅၀၀ကျပ်၊အဆင့်၈-၄၀၀၀ကျပ်၊ အဆင့်၉-၆၀၀၀ကျပ်၊အဆင့်၁၀-၇၀၀၀ကျပ်ဖြစ်ကြောင်း ဈေးကွက်မှစုံစမ်းသိရှိရသည်။

“မနှစ်ကနဲ့စာရင်ဈေးနှုန်းနည်းနည်းပြောင်းလာတယ်၊ဘာကြောင့်လဲတော့မသိပါဘူး၊ကျောင်းဖွင့်ရင် ကျောင်းတွေကရောင်းပေးနေ ကျပဲ။မိဘတွေက ကြိုပြီးသင်ထားချင်ကြ တယ်၊ဒါကြောင့်အဝယ်များကြပါတယ် ”ဟုအရောင်းဆိုင် မှဆိုပါသည်။

ပညာရေးလောကနှင့်နီးစပ်သူတစ်ဦးကလည်း ကျောင်းသုံး စာအုပ်တွေကို ခရိုင်ကနေမြို့နယ်တွေကိုဖြန့်နေ တယ်လို့ကြားပါတယ်၊အရင်နှစ်တွေအတိုင်းပဲ၊ မေလနောက်ဆုံးအပတ်မှာလုပ်နေကြ၊ကျောင်းအပ်နံှရေး နေ့မှာပေးမည်ဟုပြောသည်။

မြသက်

Leave a Reply