အခြေခံအလုပ်သမားများ နေထိုင်စရာအိမ်များ ရရှိရေးသည် အရေးကြီးသောကြောင့် အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမားများ သုံးပွင့်ဆိုင် ဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

pmt

“ စား၊ ဝတ်၊ နေရေး ဆိုတဲ့အထဲမှာ ပါတဲ့ နေစရာနေရာ ရှိဖို့အတွက် အရေးကြီးပါတယ်၊ ထမင်းစားနေရပေမယ့် နေစရာ နေရာမရှိရင် လူနေမှုဘဝ လုံခြုံမှာမဟုတ်ဘူး၊ ဒါကြောင့် အလုပ်သမားတွေအတွက် အလုပ်အကိုင် အ ခွင့်အလမ်း အပြင် နေထိုင်စရာနေရာ ရှိအောင်ဖန်တီး ပေးဖို့အဓိကထား ဆွေးနွေးမှာပါ။ ” ဟု ၎င်းကပြောကြား သည်။

စက်တင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဆရာစံပလာဇာတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်ရှင်- အလုပ်သမား များ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ယင်းသို့ ဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အခြေခံအလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုးအောင်က“ နေစရာစီစဉ် ပေးမယ်ဆိုတာ တန်ဖိုးနည်းအိမ်ရာတွေ ပေးပြီးအရစ်ကျ ပြန်သွင်းရမှာလား၊ ဘယ်လိုပုံစံနဲ့ ပေး မှာလဲ ဆိုတာအရေးကြီးပါတယ်၊ အချို့စက်ရုံတွေမှာ အလုပ်သမားတွေ နေဖို့အတွက် လိုင်းခန်းတွေ ဆောက် ပေးပြီး အလုပ်သမားဘက်က အဆောင်ကြေး ပြန်ပေးရတာတွေ လည်းရှိပါတယ်။ ” ဟု ထောက်ပြပြောဆို သည်။

ထို့ပြင် အလုပ်သမားများ လုပ်ငန်းခွင်တွင် ကျွမ်းကျင်သည့် လုပ်သား များ ဖြစ်ရန် အလုပ်ရှင်နှင့် ဝန်ကြီးဌာနတို့ပူးပေါင်း၍ သင်တန်းပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်း က ဆက်လက် ပြောဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကလည်း “ လုပ်ငန်းတွေမှာ ကုန်ထုတ်စွမ်းအား တိုးတက်ဖို့ဆိုရင် အလုပ်ရှင်နဲ့ အလုပ် သမား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့လိုပါတယ်၊ အလုပ်သမားတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို တိုးမြှင့်ပေးနိုင်ဖို့၊ အကာ အကွယ် ပေးနိုင်ဖို့ စတဲ့ အချက်အလက်တွေကိုလည်း ဆွေးနွေးမှာပါ။ ” ဟု ပြောကြားသည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ် ရက်တာ ကျင်းပသွားမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်အသင်းများ၊ အလုပ်သမားများနှင့် အလုပ်သမားရေး ဆောင်ရွက်သည့် အရပ်ဖက်အဖွဲ့အစည်း များပါဝင်ဆွေးနွေးကြမည် ဖြစ် သည်။

Leave a Reply