နုတ်ထွက်သွားသည့် ကော်မတီဝင် နှစ်ဦးမှာ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဆီဟူးဒွေ့တို့ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီဇင်ဘာ ၁၆ နေ့စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း နုတ်ထွက်ခွင့် ပြုလိုက်သည်ဟုလည်း သိရသည်။

ဉာဏ်လှိုင်လင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက်သွားသည်ဟု သိရသည်။

နုတ်ထွက်သွားသည့် ကော်မတီဝင် နှစ်ဦးမှာ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဆီဟူးဒွေ့တို့ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီဇင်ဘာ ၁၆ နေ့စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း နုတ်ထွက်ခွင့် ပြုလိုက်သည်ဟုလည်း သိရသည်။

အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် အဆိုပါပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင် နှစ်ဦးနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးတို့က စက်တင်ဘာလဆန်းပိုင်းတွင် အသီးသီး နုတ်ထွက်ခဲ့သဖြင့် ယခုအခါ နုတ်ထွက်သူ စုစုပေါင်း ငါးဦး ရှိပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကော်မတီတစ်ခု ဖွဲ့စည်းရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည့်အဆိုကို လွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင်

မဲခွဲဆုံးဖြတ်ပြီး ယင်းကော်မတီကို အတည်ပြုခဲ့သည်။

အဆိုပါပူးပေါင်းကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ရှစ်ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကိုယ်စားလှယ် စုစုပေါင်း ၄၀ သာ ကျန်ရှိသည်။

Leave a Reply