Advertisements

မိန်းမလျာဇာတ်ရုပ် (အခြောက်) ရိုက်ကူးနှင့်ပတ်သက်ပြီး လတ်တလောတွင် ရိုက်ကူးမှု ခဏနားထားကြောင်း သရုပ်ဆောင် ညီထွဋ်ခေါင်ကပြောသည်။ 

“အခြောက်ဇာတ်ရုပ်ကို ဗီဒီယိုဘက်မှာ ခဏရပ်ထားပါတယ်။ ဗီဒီယိုကျတော့ ခဏလေးနဲ့ထွက်တာဆိုတော့မြန် တယ်။ တစ်ကားနဲ့တစ်ကားက ထွက်တာသိပ်မကွာတော့ အခြောက်ဇာတ်ရုပ်တွေချည်းပဲ ရိုက်နေတယ်လို့ ထင် သွားမှာလည်းစိုးတယ်။ နောက်တစ်ခုက ဒီကောင်က ဒီဇာတ်ရုပ်နဲ့အလုပ်ဖြစ်လို့ ဒါနဲ့ပဲလုပ် စားနေတယ်လို့အ ထင်ခံရမှာလည်းစိုးပါတယ်။ အဲ့ဒါကြောင့် ဗီဒီယိုဘက်မှာခဏရပ်ထားပါတယ်။ ရုပ်ရှင်မှာကျတော့ ဇာတ်အိမ် ကောင်းကောင်းလေနဲ့ ကိုယ့်အတွက်ထိထိရောက်ရောက်ဖြစ်မယ်၊ Message ပေးတာလည်း ကောင်းမယ်ဆိုရင် တော့ရိုက်ဖြစ်မှာပါ” ဟု ၎င်းကပြောကြားထားသည်။

မိန်းမလျာဇာတ်ရုပ်နှင့်ပတ်သက်ပြီး ညီထွဋ်ခေါင်ဆက်ပြောတာက ” အခြောက်ကာရိုက်တာကို ချစ်ကြတဲ့လူတွေရှိသလို အားပေးကြတဲ့လူတွေရှိပါတယ်။ ဒီဇာတ်ရုပ်တွေ ချည်းပဲရိုက်ပါလို့ ပြောတဲ့လူတွေလည်းရှိတယ်။ အခြောက်ဇာတ်ရုပ်အပေါ်မှာ ကျွန်တော်သရုပ်ဆောင်တာက ပီပြင် သွားတာလည်း ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ပရိသတ်ကအသိအမှတ်ပြုတယ်လို့ ကျွန်တော်ခံယူထားတယ်။ ကျွန်တော့်ကို အခြောက်လို့အပြောခံရပေမယ့်လည်း စိတ်မဆိုးပါဘူး ပြောတဲ့လူတွေအကုန်လုံးကိုချစ်ပါတယ်။ ” ဟု ဆိုသည်။

လက်ရှိတွင် ဒါရိုက်တာမယ်မင်းဘုံရိုက်ကူးထားသော “အိမ်ပြေး” ဗီဒီယိုကား တွင် သရုပ်ဆောင်ရတနာဗိုနှင့်အတူ သရုပ်ဆောင်ထားပြီး ကာရိုက်တာမှာ ခါးပိုက်နှိုက်သမားနေရာကနေ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Written by ခင်ပြည့်စုံဟန်

Advertisements
<

Leave a Reply